DVB Logo
Home
မြန်မာသတင်း
လွတ်ရက်စေ့၍လွတ်မြောက်လာသည့် သာယာဝတီလွှတ်တော်အမတ်ကို စစ်ကောင်စီက တရားထပ်စွဲ
DVB
·
November 1, 2022
လွတ်ရက်စေ့၍လွတ်မြောက်လာသည့် သာယာဝတီလွှတ်တော်အမတ်ကို စစ်ကောင်စီက တရားထပ်စွဲ
Donate to DVB

ပဲခူးတိုင်း၊  သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ဟာ နိုဝင်ဘာ ၁ ရက်ဒီကနေ့လွတ်ရက်စေ့လို့ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပေမဲ့ အိမ်ကိုပြန်ခွင့်မရဘဲ သာယာဝတီခရိုင်တရားရုံးသို့ ခေါ်ဆောင်သွားကာ ပုဒ်မ  ၅၀၅(က)နဲ့  ထပ်တိုး တရားစွဲဆို ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

ဦးအောင်မြင့်ကို စစ်ကောင်စီက  ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်ညက နေအိမ်မှာလာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကာ သဘာ၀ဘေးဥပဒေပုဒ်မ (၂၅) နဲ့ သာယာဝတီအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ် အကျဉ်းချထားခဲ့တာပါ။

အခုလို့လွှတ်ပြီးမှ ထပ်တရားစွဲတဲ့အပေါ် သာယာဝတီမြို့ခံ ဥပဒေပညာရှင်တစ်ယောက်က “ လွတ်ရက်စေ့လို့ ပြန်လွတ်လာပြီးမှ နောက်အမှုထပ်တိုးတယ်ဆိုတာကာတော့ တမင်သက်သက် သူတို့ပြန်မလွှတ်ချင်လို့ကို အကွက်ဆင်ပြီး နောက်အမှုထပ်တိုးတာဖြစ်တယ်။ စဖမ်းကလည်းက အမှု နှစ်မှုဖွင့်တာလည်း မဟုတ်ဘူး။ အခုထောင်ထဲရက်ပေါင်း ၆၀၀ ကျော်လောက်နေပြီးမှ နောက်အမှုထပ်တိုးတာဟာ တရားဥပဒေဆိုတာ သူတို့ပါးစပ်ထဲမှာပဲရှိတာဖြစ်တယ်”လို့ ပြောပါတယ်။ 

ဦးအောင်မြင့်ဟာ သာယာဝတီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ်ဖြစ်သလို ပါတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူဟာ ၈၈ အရေးအခင်းတုန်းကလည်း ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီထောင်မှာ ၁၀ နှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်တယ်လို့  သာယာဝတီမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပါတယ်။ 

သာယာဝတီခရိုင် ၈ မြို့နယ်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်  ၄ ယောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး လက်ပံတန်းမြို့နယ် အမှတ် (၁)  တိုင်းဒေသကြီးကိုယ်စားလှယ်လည်းဖြစ်  ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်မောင်ရင် တယောက်ပဲပြန်လည်လွတ်မြောက်လာပါသေးတယ်။

သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်၊ သာယာဝတီမြို့နယ် အမှတ် (၂)   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ကိုကိုစိန်နဲ့ မိုးညိုမြို့နယ်ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်တို့ကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013