DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့နယ်အနီး PDF စစ်ကြောင်း လေကြောင်းမှ တိုက်ခိုက်ခံရ
DVB
·
November 1, 2022
နောင်ချိုမြို့နယ်အနီး PDF စစ်ကြောင်း လေကြောင်းမှ တိုက်ခိုက်ခံရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ကြောင်း တစ်ခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁  ရက် ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ PDF နဲ့ နီးစပ်သူတစ်ဦးက “နောင်ချို- မိုးကုတ်ကြားမှာ အခြေချလှုပ်ရှားနေနဲ့ ကျမတို့ ရှမ်းမြောက် PDF စစ်ကြောင်းကို စစ်ကောင်စီက လေယာဉ် နှစ်စီးနဲ့ အတွဲလိုက်ဗုံးလည်းကြဲတယ်။ လေယာဉ်မှာတဲ့ စက်သေနတ်နဲ့လည်း ပစ်တယ်။ လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက ကလေးတွေ ဘေးကင်းရာကို ရွေ့နေရတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်သွားတဲ့  PDF တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တပ်ရင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နောင်ချိုမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိတာကြောင့် အခုလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာလို့ PDF နဲ့ နီးစပ်သူတွေကဆိုပါတယ်။

“အခု PDFစစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျဆုံးတွေရှိတယ်။ PDF ဘက်ကလည်း ကလေး တစ်ယောက် ပေါင်မှာ ဒဏ်ရာရတယ်။ ဒါ့ကြောင့် စစ်တပ်က လေယာဉ်နဲ့ လာဗုံးကြဲတာ။”

လက်ရှိလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့  နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဟာ မိုးကုတ်မြို့ကောင်းကင်ယံကနေ ဖြတ်သန်းသွားပြီးနောက်ပိုင်း မိုးမိတ်မြို့နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ဒေသတွင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

“မိုးကုတ်မြို့ပေါ်ကနေ အနိမ့်ပျံသွားတယ်။ ကောင်းကင်မှာ နှစ်ပတ် သုံးပတ်လည်ပတ်သွားတယ်။ စစ်တပ်က ဂျက်နှစ်စီးပါ။ မိုးမိတ်မြို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့လည်း ကြားရတယ်။ ဘယ်နားဖြစ်လည်းတော့ မသိဘူး”လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်အတွင်းက ရတနာသိင်္ဂီရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မန္တ လေးပြည်သူကာကွယ်ရေးတပ် (MPDF)တို့  ပြီးခဲ့တဲ့ ဇူလိုင်လက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့ အခြေစိုက်တပ်ရင်းကို ပြည်သူကာကွယ်ရေးတပ်(PDF)တွေက သြဂုတ်လအတွင်းက ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

လက်ရှိ အဆိုပါဒေသဘက်တွေကို စစ်ကောင်းစီတပ်တွေက အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းတွေ ဖြန့်ခွဲပြီး ဝိုင်းပိတ်ဆို့ ထိုးစစ်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013