DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ် ပအဖက စီးပွားရေးလုပ်ငန်းများကို အခွန်ကောက်မည်
DVB
·
November 1, 2022
စစ်ကိုင်းမြို့နယ် ပအဖက စီးပွားရေးလုပ်ငန်းများကို အခွန်ကောက်မည်
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အခွန်ကောက်မယ်လို့ သတင်းထုတ်ပြန်လာတာကြောင့် အခုဆို စစ်ကောင်စီကိုရော ပအဖကိုပါ အခွန် ၂ ခါဆောင်ရမလို ဖြစ်လာပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ ကျပ် ၁၂ သိန်းကျော် အခွန်ပေးခဲ့ရတဲ့ လုပ်ငန်းရှင်တဦးက “ကျနော်တို့က‌တော့ သူတို့ (ပအဖ) အခွန်‌‌ကောက်‌‌တော့‌ ပေးရမှာပဲ။ မ‌ပေးလည်း သူတို့‌တွေက ကျနော်တို့ပစ္စည်းတွေ သိမ်းမယ်၊ ဖမ်းမယ်ပေါ့။ အခုချိန်က နှစ်ဖက်ကြောက်နေရတယ်။ သူတို့ကို အခွန်ပေးလို့ စစ်ကောင်စီသိရင် ဖမ်းခံရမယ်။ ကျနော်တို့အတွက် အာမခံ ပေးရင်တော့ ပေးရတာ ဘာမှမပြောချင်ဘူး။ အခုက ဟိုဘက်လည်းပေးရ၊ ဒီဘက်လည်း ပေးရဆိုတော့ ကြားထဲက သူတို့ပြောပြောနေတဲ့ ပြည်သူပဲခံရတာ” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ခွန်၊ အခွန်အကောက်၊ ဒဏ်ကြေးနဲ့ လိုင်စင်ကြေးတွေကို ကြားကာလ အခွန်ကောက်ခံရေး ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို ပေးဖို့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

စစ်‌ကိုင်းမြို့ကြားကာလပြည်‌သူ့အုပ်‌‌ရေးအဖွဲ့ တာဝန်‌ရှိသူတဦးက “အခု စစ်‌ကိုင်းမြို့ကို အသုံးပြုပြီး ဖြတ်‌သန်းသွား‌နေတဲ့ ကုန်‌စည်‌ပို့‌ဆောင်‌‌ရေး‌တွေက ရေကြောင်း၊ ကုန်းကြောင်း၊ မီးရထားလမ်း ဒါ‌တွေကို အခွန်‌‌ကောက်‌ခံမှာဖြစ်‌တယ်‌” လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေအပေါ် ကောက်ခံတဲ့ ကြိုတင်ခွန်၊ အခွန်အကောက်၊ ဒဏ်ကြေးနဲ့ လိုင်စင်ကြေးတွေ ပေးဆောင်ဖို့နဲ့ ပေးဆောင်ရတဲ့ အခွန်အခတွေအတွက် ပြေစာ စာရွက် ပြန်လည်တောင်းခံဖို့ စစ်‌ကိုင်းမြို့ ပြည်‌သူ့အုပ်‌ချုပ်‌‌ရေးအဖွဲ့ရဲ့ ထုတ်‌ပြန်‌ချက်‌က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013