DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်တို့ ၂ ဦး ပြည်မြို့ အကျဉ်းထောင်မှ လွတ်မြောက်
DVB
·
November 1, 2022
ပန်းတောင်းမြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်တို့ ၂ ဦး ပြည်မြို့ အကျဉ်းထောင်မှ လွတ်မြောက်
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပန်းတောင်းမြို့နယ် ဥက္ကဋ္ဌ ဦးရဲဒင်နဲ့ ပန်းတောင်းမြို့နယ်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဒေါ်ဇင်မိုးထိုက်တို့ နိုဝင်ဘာ ၁ ရက်မနက်က ပြန်လွတ်မြောက်လာတယ်လို့ ထောင်ဝန်ထမ်းတွေထံက သိရပါတယ်။

ဦးရဲဒင်နဲ့ သူ့ရဲ့သမီးငယ် လွှတ်တော်အမတ် ဒေါ်ဇင်မိုးထိုက်တို့ကို   စစ်ကောင်စီက သဘာ၀ဘေးဥပဒေပုဒ်မ (၂၅) နဲ့ ပြည် အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားရာက ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ  ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး သမီးကြီး တယောက်ကတော့ ပြန်လွတ်မလာသေးပဲ ဆက်လက်အကျဉ်းချခံနေရပါတယ်။ 

ပြည်မြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “သူတို့ကသားအဖတွေ၊ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အဖမ်းခံထားရတာ။ ဖမ်းတုန်းက သူတို့သားအဖနှစ်ယောက်အပြင် သမီးနောက်တယောက်ပါ ပါသေးတယ်။ အဲ့ဒီသမီးကအကြီးမ၊ အခု လွတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်က အငယ်မ။ အဲ့ဒီ အကြီးမက လာဖမ်းတဲ့ ရဲတွေနဲ့ ပြဿနာတက်လိုက်လို့ သူ့ကိုပါ ဖမ်းလိုက်တာ။ အမှန်က သူမပါဘူး။ အဖေကြီးက ဥက္ကဋ္ဌ၊ ညီမက ကိုယ်စားလှယ်ဆိုတော့ အဲ့ဒီနှစ်ယောက်ကိုပဲ လာဖမ်းတာ။ အဲ့ဒါကို သူက လက်မခံပဲအတင်းငြင်းဆန်ပြီး ရန်တွေ့တော့ သူကိုပါ ဝတ္တရားနှောင့်ယှက်မှု၊ တခြားပုဒ်မတွေတပ်ပြီး ဖမ်းသွားတာ။ ထောင်ထဲမှ (၅-၆)လ လောက်နေပြီး ပြန်လွှတ်ပေးတယ်။ ပြီးအပြင်ရောက်မှ တခါ ၅၀၅ (က) နဲ့ ထပ်ပြန်ဖမ်းသွားတာ၊ အခုသူကတော့ မလွတ်သေးဘူး၊ ”လို့ ပြောပါတယ်။

ဦးရဲဒင်ဟာ  အသက်အရွယ်ကြီးနေပြီဖြစ်သလို ကျန်းမာရေးလည်း မကောင်းတဲ့ နိုင်ငံရေးအကျဉ်း သားတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ပြည်ထောင်မှာ အကျဉ်းကျခံရပြီး ပြန်လွတ်လာတဲ့  နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “ဒေါ်ဇင်မိုးထိုက်ကို ဖမ်းသွားတော့ လမ်းလျှောက် တတ်ခါစသားငယ်လေးပါ ပါသွားပြီး နောက်မှ ကလေးအဖေကိုခေါ်ပြီး ထောင်ထဲကနေ ကလေးကို ပြန်ပေးလိုက်တာ။ ဦးရဲဒင်က အသက်အရွယ်ကြီးနေတော့ ကျန်းမာရေး တော်တော်မကောင်းဘူး၊ ထောင်ဆေးရုံခဏခဏတက်ရတယ်။ သူ့နှလုံးကလည်း သိပ်မကောင်းဘူး ထောင်ထဲမှာ ကိုဗစ်တွေဖြစ်တော့ သူ့ကိုတော်တော်စိုးရိမ်နေရတာ”လို့ ပြောပါတယ်။

လတ်တလော ပြန်လွတ်လာတဲ့ သားအဖနှစ်ဦးကို ပန်းတောင်းမြို့နယ်ရဲစခန်းက ရဲကား ၂ စီး နဲ့ ထောင်ရှေ့ကနေလာခေါ်သွားထုတ်သွားပြီး ပန်းတောင်းရဲစခန်းကနေ တဆင့် သူတို့ရဲ့ နေအိမ်ပြန်ပို့ဖို့ရှိတယ်လို့ ထောင်ဝန်ထမ်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013