DVB Logo
Home
မြန်မာသတင်း
မုံရွာစက်မှုဇုန်အတွင်းက စစ်ကောင်စီအမှတ် ၂ ရဲစခန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ
DVB
·
October 31, 2022
မုံရွာစက်မှုဇုန်အတွင်းက စစ်ကောင်စီအမှတ် ၂ ရဲစခန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ထဲမှာရှိတဲ့ အမှတ် ၂ ရဲစခန်းကို ‌အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force Monywa V2  က သတင်းထုတ်ပြန်ထားပါတယ်။

အမှတ် ၂ ရဲစခန်းကို ၄၀ မမနဲ့ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲတဲ့ကျည်တွေ စခန်းအတွင်းကျရောက်ခဲ့တာကြောင့် ရဲ ၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ရဲ ၃ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြုသတင်းထုတ်ပြန်ထားတာ မရှိသေးသလို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စက်မှုနဲ့အနီးတဝိုက်မှာ အိမ်စီးကားတွေနဲ့ ရှာဖွေနေတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလျင်အမြန်ဆုတ်ခွာခဲ့ကြပြီး အထိခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါရဲစခန်းကိုGolden Eagle Force-Monywa-V2 နဲ့ Black Dragon Special Task Force၊Monywa Ranger Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုအပစ်ခတ်ခံရတဲ့ အမှတ် ၂ ရဲစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013