စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ထဲမှာရှိတဲ့ အမှတ် ၂ ရဲစခန်းကို အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force Monywa V2 က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် ၂ ရဲစခန်းကို ၄၀ မမနဲ့ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခဲတဲ့ကျည်တွေ စခန်းအတွင်းကျရောက်ခဲ့တာကြောင့် ရဲ ၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
ရဲ ၃ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြုသတင်းထုတ်ပြန်ထားတာ မရှိသေးသလို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စက်မှုနဲ့အနီးတဝိုက်မှာ အိမ်စီးကားတွေနဲ့ ရှာဖွေနေတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလျင်အမြန်ဆုတ်ခွာခဲ့ကြပြီး အထိခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါရဲစခန်းကိုGolden Eagle Force-Monywa-V2 နဲ့ Black Dragon Special Task Force၊Monywa Ranger Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခုအပစ်ခတ်ခံရတဲ့ အမှတ် ၂ ရဲစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။