DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတံခွန်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့များ ဒဏ်ရာရ
DVB
·
October 31, 2022
ပြည်ကြီးတံခွန်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့များ ဒဏ်ရာရ
Donate to DVB

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၂၈ လမ်းရှိ (စ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၃၁ ရက် ဒီမနက် ၁၀ နာရီခွဲမှာ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်နဲ့ ရာအိမ်မှူး ဦးအောင်ကျော်ဦးတို့မှာ ရင်ဘက် ဖောက်ဝင်ဒဏ်ရာတွေရရှိကာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရာအိမ်မှူး ဦးဝင်းစိုးမှာ ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး ရုံးအတွင်းရှိ အခြားသူနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်တာကို Anonymous. Force MDYနဲ့ မဟာမိတ် Mandalay Youngs Force-MYF၊ Truth Keeping Force-AMA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စကစနဲ့အဝေးဆုံးမှာနေကြဖို့ Anonymous. Force MDY က အသိပေးတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013