DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာများ၏ တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပမည်
DVB
·
October 31, 2022
ထိုင်းရောက်မြန်မာများ၏ တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပမည်
Donate to DVB

ထိုင်းနိုင်ငံ၊ စူလတ်မြို့မှာ တော်လှန်လောင်းလုံးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်မှာ စတင် ကျင်းပသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ဖန်ငါး၊ စူလတ်၊ နန်းစံ၊ ဒေါင်းစပ်၊ ခနို၊ ထက်ခမ်း၊ ထူးယိုင်၊ ဘန်ဝမ်း စတဲ့မြို့အသီးသီးက လာရောက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး နဂိုစုဖွဲ့မှုရှိပြီးသား အသင်းတွေ ပါဝင်သလို တော်လှန်ရေးအတွက် အခုမှ စုဖွဲ့ပြီး တက်ကြွစွာပါဝင်လာတဲ့အသင်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တဦးက “လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းတွေမှာ သုံးနိုင်ဖို့နဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ ဒီဘောလုံးပြိုင်ပွဲကို ကျင်းပတာပါ။ ဒီပြိုင်ပွဲက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား တော်လှန်ရေးနဲ့ပတ်သက်ပြီး ပိုမိုပူးပေါင်းပါဝင်လာစေဖို့ အထောက်ကူဖြစ်စေမယ်”လို့ ပြော ပါတယ်။

အသင်း တသင်းမှာ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ပြိုင်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ဘောလုံးအသင်းပေါင်း ၂၈ သင်း၊ လူဦးရေ ၄၂၀ က ပါဝင်ယှဥ်ပြိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။

ဂုဏ်ပြုဆုအနေနဲ့ အကောင်းဆုံး ၄ သင်းကို စီစဉ်ပေးထားကာ ပ/ဒု/တ ရတဲ့အသင်းတွေကို ဖလားနဲ့ဆွဲပြား၊ စတုတ္ထရတဲ့အသင်းကို ဖလားပေးအပ်သွားမှာဖြစ်ပြီး တယောက်ချင်းအနေနဲ့ အကောင်းဆုံးဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆုနဲ့ ပွဲစဉ်တလျှောက်အကောင်းဆုံးဆုတွေကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

အရင်က တော်လှန်ရေးရန်ပုံငွေအတွက် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တော်လှန် လောင်းလုံး ကျပ်သိန်း ၁၀၀ ရန်ပုံငွေ ကမ်ပိန်းလုပ်ခဲ့ပေမဲ့ အခုလို ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပတာဟာ ပထမဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013