DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သံဃသမဂ္ဂဦးဆောင် ရဟန်း ၁ ပါးနှင့် သပိတ်မှောက် လူငယ် ၃ ဦး ဖမ်းဆီးခံရ
DVB
·
October 31, 2022
မန္တလေးတွင် သံဃသမဂ္ဂဦးဆောင် ရဟန်း ၁ ပါးနှင့် သပိတ်မှောက် လူငယ် ၃ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

မန္တလေးမြို့မှာ သံဃသမဂ္ဂ (မန္တလေး) ရဲ့  ဦးဆောင် ရဟန်းတပါးဖြစ်တဲ့ ဦးကလျာဏနဲ့  သပိတ်မှောက် လူငယ် သုံးယောက်တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃ဝ ရက်မှာ အကြမ်းဖက် ဖမ်းဆီးသွားပါတယ်။

ဦးကလျာဏကို မန္တလေးမြို့ရှိ သီတင်းသုံးရာကျောင်းတိုက်မှာ ညနေ ၅ နာရီလောက်က စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး သပိတ်အင်အားစုဝင် တခြားလူငယ်သုံးယောက်လည်း တရက်တည်းမှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော်တပါးက မိန့်ကြားပါတယ်။

“အရင်ဆုံး မန္တလေးသပိတ်အင်အားစုထဲက လူငယ်တစ်ယောက်ဖမ်းဆီးခံရပြီး သူ့အဆက်နဲ့ ဦးကလျာဏ အဖမ်းခံလိုက်ရတယ်။ ဦးကလျာဏနဲ့အတူ လူငယ်သုံးယောက်ပါ အဖမ်းခံရတယ်လို့သိရတယ်။ အကြမ်းဖက်စကစရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဦးကလျာဏ အသက်အန္တရာယ်ဖြစ်မှာကို စိုးရိမ်မိပါတယ်”

ဖမ်းဆီးမခံရခင်  အရှင်ကလျာဏဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်တာကြောင့် သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်တစုံတရာဖြစ်ခဲ့ရင် အကြမ်းဖက်ဖမ်းဆီးသူတွေ တာဝန်ခံတာဝန်ယူရမှာဖြစ်တယ်လို့လည်း သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ဦးကလျာဏဟာ ပျော်ရွှင်စွာနေတတ်သော ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါးဖြစ်တယ်လို့ သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ သံဃသမဂ္ဂ (မန္တလေး) ရဲ့ ဦးဆောင်ရဟန်းတပါးဖြစ်တဲ့  ဦးကလျာဏ (ခ) ဦးယောကြီး၊ စစ်ကိုင်းသမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ယာယီအလုပ်အမှု ဆောင် ကိုပိုင်နွေဦး အပါအဝင် မန္တလေး သပိတ်အင်အားစုက တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေဖြစ်ကြတဲ့ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ ၅ ဦးဖြစ်တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုကလည်း ဖမ်းဆီးခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက တာဝန်ယူရမယ်လို့ ကြေညာပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော်သံဃာတော် ၁၆ ပါး ဖမ်းဆီးခံခဲ့ရပြီး ၇ ပါးကတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး  သံဃာတော် ၉ ပါးကတော့ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူပေါင်း ၁၅၉၈၆ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၃၁၈၁ ဦးရှိကာ အကျဉ်းထောင်တွေထဲမှာ ဆက်လက်ဖမ်းဆီးခံနေရသူပေါင်း ၁၂၇၈၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013