Home
မြန်မာသတင်း
မြစ်ကြီးနား ထွေအုပ်ရုံးဗုံးကွဲ၊ လူ ၁ ဦးသေဆုံး
DVB
·
October 31, 2022
312027566_195269062970002_5788457935919592625_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးသွားပါတယ်။

ဧရာရပ်ကွက် မြို့တော်ခန်းမအနီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးထိမှန်လို့ အသက် ၃၀ အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။

"ညနေ ၆နာရီခွဲလောက်က ပေါက်တာ အသံကတော့ အတော်ကျယ်တယ်။ ကျနော်တို့အမျိုးတွေ နေတဲ့ ဝိုင်းမော်ဘက်ခြမ်းကတောင်ကြားရတယ်။ အမျိုးသားတစ်ဦးသေတယ်။ အသက် ၃၀ ၀န်းကျင်ပဲ ။ ဝန်ထမ်းလား ဘာလားတော့သေချာမသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦး အမိုးမျက်နှာကြက်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို ဘယ်သူ လုပ်ဆောင်ခဲ့တာလည်းဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ  တာဝန်ခံ ထုတ်ပြန်တာမရှိသေးပါဘူး။ 

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာရှိတဲ့ UMG ကုမ္ပဏီဝင်းအတွင်းမှာ အောက်တိုဘာ ၂၇ရက် နေ့က ဗုံးသုံးလုံးပေါက်ကွဲခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024