DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုနှစ်တွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်နိုင်ဟု လျှပ်စစ်ဝန်ကြီးဌာန အရာရှိတဦးပြော
DVB
·
October 30, 2022
၂၀၂၃ ခုနှစ်တွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်နိုင်ဟု လျှပ်စစ်ဝန်ကြီးဌာန အရာရှိတဦးပြော
Donate to DVB

မြန်မာနိုင်ငံမှာ လျှပ်ဓာတ်အား ထပ်ဆင်ဖြန့်ဖြူးထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ လျှပ်စစ်ပင်မ တာဘိုင်ဟောင်းတွေ  ဆက်ရှိနေပါက ၂၀၂၃ ခုနှစ်မှာ နိုင်ငံတဝန်း လျှပ်စစ်မီးအပြည့်အဝေပေးနိုင်ဖို့ ခက်ခဲနေမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဂတ်စ်နဲ့ပေးရတဲ့ အဲဒီတာဘိုင်ဟောင်းတွေကိုလဲဖို့ တင်ပြခဲ့ပေမဲ့ တာဘိုင်ဌာနက အရာထမ်းတွေ က လက်မခံဘဲ လုပ်ပိုင်ခွင့်နဲ့ တခြား အကျိုးစီးပွားတွေ ထိခိုက်မှာကြောင့် အကြောင်းအမျိုးမျိုး ပြပြီး စက်အသစ်တပ်လို့ မရအောင် လုပ်နေတယ်လို့ အဆိုပါဌာန အရာရှိတဦးက ပြောပါတယ်။

“အရင်က တရုတ်ကုမ္ပဏီ တခုက ကမ်းလှမ်းလာတယ်။ ၃၀ ကနေ ၅၀ မဂ္ဂါဝပ်ထိ ထုတ်နိုင်တဲ့ Power Plant တွေ သွင်းမယ်ဆိုတာ ရှိခဲ့တယ်။ အမှန်တကယ်က စက်အသစ် (Power Plant)တွေ တတ်လိုက်မယ်ဆိုရင်လည်း အခုအခါမှာ GAS က ထပ်မပေးနိုင်တော့တာကြောင့် လာမဲ့ ၂၀၂၃ ခုနှစ်မှာ ရန်ကုန်မြို့က လျှပ်စစ်ဓာတ် အားပြတ်တောက်တာတွေ ဖြစ်လာလိမ့်မယ်”

အခုကာလမှတော့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ မလာကြတော့သလို  သဘာဝဓာတ်ငွေ့လည်း လုံလောက်အောင် မထုတ်လုပ်နိုင်တာကြောင့် နဂိုပေးတဲ့ တာဘိုင်ဟောင်းတွေ ရပ်ပြီး အသစ်ဝယ်ဖို့လည်း ထပ်မထုတ်ပေးနိုင်တာတွေကြောင့် လာမယ့်နွေ လျှပ်စစ်မီး ပိုမို ပြတ်တောက်ဖို့ ရှိလာတယ်လို့ သူက ရှင်းပြပါတယ်။  

လက်ရှိ ရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်မီးက နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တာဘိုင်ဟောင်းတွေကို သုံးပြီး ကုမ္ပဏီတချိုု့ကို လုပ်ပိုင်ခွင့်ပေးကာ စာချုပ်တွေနဲ့ လည်ပတ် နေတာလို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ မြို့ကြီးတွေကို လျှပ်စစ်ပေးနေတာဟာ  သဘာဝဓာတ်ငွေ့က ဖြစ်ပြီး  အများစုဟာ ရွှေ၊ ရတနာ၊ ရဲတံခွန်၊ ဇောတိက စတဲ့သဘာဝဓာတ်ငွေ့ တွင်းတွေကနေ ပေးနေပြီ အခုအခါမှာတော့   ရဲတံခွန်ကို မလေးရှားက ဆက်မလုပ်ဘဲ့ ရပ်တံ့လိုက်ပါတယ်။

အခုခါမှာ ကိုရီးယားက ရွှေသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးကို ဆက်လုပ်နေပြီး ရန်ကုန်မြို့ကို ရတနာ နဲ့ ဇောတိက ကနေ ပေးနေရတာပါ။ 

တာဘိုင်ဟောင်းတွေနဲ့ သဘာဝဓာတ်ငွေ ကုဗပေး ၁သန်း မောင်းနှင်ပါက ၂ မဂ္ဂါဝပ်သာ ရရှိပြီး ရန်ကုန်မြို့အတွက် တရက် မဂ္ဂါဝပ် ၇၀၀ ကနေ ၉၀၀ အထိ လိုအပ်နေတာကြောင့် အခုထွက်တဲ့ပမာဏနဲ့ ယှဉ်ပါက ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

“Gas တွေ ပေါပေါများများ ထွက်တုံးကတော့ ပြသနာ မရှိပေမဲ့ အထွက်လည်း ကျလာတာရယ် အခုက တာဘိုင်ဟောင်းတွေအပြင် ရပ်ထားတာတွေလည်း ရှိတော့  လိုအပ်ချက်ကို ရဖို့ကို ဘယ်လိုမှ တိုးမထုပ်နိုင်တော့ဘူး” လို့ လျှပ်စစ်ဌာနအရာရှိက ဆက်ပြောပါတယ်။

လတ်တလော သာကေတနဲ့ လှော်ကားက တာဘိုင်ဟောင်းတွေကို သဘာဝဓာတ်ငွေ သန်း ၃၀ လောက်ပေးပြီးမှ ထွက်လာတဲ့  မဂ္ဂါဝပ် ၆၀ နဲ့ ၇၀ လောက်ကိုပဲ  ရန်ကုန်မြို့ကို ပေးနေရပြီး အဲဒါစက်တွေကို ရပ်ကာ စက်အသစ်အတွက်  ပေးနိုင်မယ်ဆိုရင် မဂ္ဂါဝပ် ၁၄၀ လောက် အထိ ရ လာနိုင်မှာဖြစ်လို့  ရန်ကုန်မြို့အတွက် ဓာတ်အားလုံလောက်နိုင်တယ်လို့ အကြံပြုပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013