DVB Logo
Home
မြန်မာသတင်း
ကျောက်တော်၌ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်၊ ဘူးသီးတောင်၌ စစ်တပ်က ပစ်ခတ်သဖြင့် ရွာသား ၁ ဦး ဒဏ်ရာရ
DVB
·
October 30, 2022
ကျောက်တော်၌ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်၊ ဘူးသီးတောင်၌ စစ်တပ်က ပစ်ခတ်သဖြင့် ရွာသား ၁ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာဘုန်းကြီးကျောင်းကို  အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အပျက်အစီးရှိခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေကြတဲ့  ဆရာတော်၊ သံဃာတော်တွေနဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်းနေကြပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။

ဒေသခံကျေးရွာသားတစ်ဦးက "နေ့လယ်ပိုင်းမှာ စကခ(၉)က ဒရုန်းလွှတ်ပြီးပစ်တာ။ ဗုံးသီး  နှစ်လုံးတွဲနဲ့ ဗုံးချတယ်။ ဗုံးသီး နှစ်လုံးပေါက်ကွဲပြီး ကျောင်းခေါင်မိုးတွေ ပြိုပျက်သွားတယ်။ မှန်ဗီဒိုတလုံးနဲ့ ကျောင်းကြမ်းခင်းတွေပါ ပျက်စီးသွားတယ်။ လူတွေတော့ အထိခိုက်မရှိခဲ့ဘူး။"လို့ ပြောပါတယ်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ပစ်ခတ်ဗုံးချတဲ့ ဒရုန်းဟာ ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီ စကခ (၉)တပ်က လွှတ်တင်ပစ်ခတ်ခဲ့တဲ့ ဒရုန်းဖြစ်တယ်လို့ မျက်မြင် ကျေးရွာသူ/သားတွေက အတည်ပြုပြောပါတယ်။

"ရွာသူ/ရွာသားတွေက စကခ(၉)က နေစဥ် လက်နက်ကြီးပစ်တာမခံနိုင်လို့ ကျောက်တော်မြို့ပေါ်က စစ်ပြေးရှောင်စခန်းတွေကို ထွက်ပြေးသွားကြတာကြာပါပြီ။ ရွာလူကြီး တချိုနဲ့ ဆရာတော်က ဘုန်ကြီးကျောင်းမှာကျန်နေခဲ့ကြတယ်။ အဲ့ဒါကိုမသင်္ကာလို့ အခုလို ပစ်ခတ်ဗုံးချတာ။"လို့ ရွာသား တယောက်က ပြောပါတယ်။

ရုပ်သားကျေးရွာနဲ့ နာဂရာကျေးရွာအပါအဝင် အနီးနားကကျေးရွာတွေကို  စကခ(၉) မှ နေ့စဉ် လက်နက်ကြီးတဲ့ ပစ်ခတ်မှုလို့ လူထိခိုက်သေဆုံးဒဏ်ရာရတာနဲ့ အဆောက်အအုံတွေ ပျက်စီးတာကြောင့်  ကျေးရွာသူ/သားတွေ  စစ်ရှောင်နေကြရတာ တလလောက်ရှိပြီ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်အုပ်စု၊ သရက်တောင်ရွာမှာတော့ အောက်တိုဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကျည်ထိမှန်ပြီး ရွာသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သရက်တောင်ရွာသား ဆော်လိမ်(၅၅နှစ်)ဟာ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲလောက်က  သရက်တောင်ရွာနဲ့ ဂူတာပြင်ရွာအကြား လယ်ကွင်းပြင်မှာ  နွားတွေရွာထဲသွင်းနေစဉ်  ရွာတောင်ဖက် ဘုရားတောင်မှာ တပ်စွဲထားတဲ့ ခမရ (၂၁၀) တပ်ရင်းကနေ သေနတ်နဲ့ပစ်လို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက "သူက သရက်တောင်ရွာကပါ။ ညနေပိုင်းမှ လွှတ်ထားတဲ့ နွားတွေကို လိုက်ပြီး အိမ်သွင်းနေတာကို မသင်္ကာလို့ဆိုပြီး သရက်တောင်မှာ အခြေစိုက်ထားတဲ့ စစ်တပ်က ပစ်လို့ လည်ပင်းကျည်ထိမှန်သွားတာ။ ဘူးသီတောင်ဆေးရုံကို ပို့လိုက်ရတယ်။"လို့ပြောပါတယ်။

ဂူဒါပြင်ကျေးရွာအနီးမှာ  စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ကတည်းက စစ်တပ်က ရွာတွေဘက်ကို မကြာခဏ ပစ်ခတ်နေတာလို့လည်း  သရက်တောင်ကျေးရွာဒေသခံတွေက ဆိုပါတယ်။

“စစ်တပ်က မသင်္ကာတဲ့ရွာတွေကို လက်နက်ကြီးပစ်တယ်။ ရွာသူ/ရွာသားတွေ ရွာထဲကနေ ရွာပြင်တောင် မထွက်ဝံ့ကြတော့ဘူး။ မြင်ရင်လှမ်းပစ်တယ်။ ဘယ်လိုနေရမယ်တောင် မသိတော့ဘူး။"လို့ ရွာသားတယောက်က ပြောပါတယ်။

မာမတ်ဆော်လိမ်ရဲ့ ဒဏ်ရာပြင်းထန်ပြီး  လတ်ရှိအချိန်အထိ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့  အသက်(၄၂)နှစ်အရွယ် မူဆလင်အမျိုးသားတယောက်သေဆုံးသွားပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း  လက်နက်ကြီးကျည်ကျရောက်ပြီး ဖိုးခေါင်ချောင်း‌ကျေးရွာမှာ ရွာသား ၃ ယောက် ဒဏ်ရာရသွားပြီး စာသင်ကျောင်း ခေါင်မိုးတွေ ပျက်စီးသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013