Home
မြန်မာသတင်း
သရက်ချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရ
DVB
·
October 30, 2022
313108651_5353605621432603_5751958884962763910_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ကစယ်ဒိုဖဒရယ်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက် ၆ နာရီခွဲလောက်က  ပိတောက်ကြီးရွာနဲ့ ပိတောက်ငယ်ရွာကြားမှာ ထားဝယ်ကနေ မြိတ်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တံတားအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားအောက်ထိုးကျခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့သလို စစ်ကောင်စီယာဉ်တန်းပါ စစ်ကားတစ်စီးနဲ့ ကျောက်တင်ကားတစ်စီး ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက သိရပါတယ်။

ကစယ်ဒိုဖဒရယ်စစ်ကြောင်းတာဝန်ရှိသူတဦးက “ကရိန်းကားနဲ့ ပျက်စီးသွားတဲ့ ကားနှစ်စီးကိုလာသယ်ပြီးအပြန် ဘုတ်တောင်မှာ ကျနော်တို့ စစ်ကြောင်းက ခြုံခိုတိုက်ခိုက်ခဲ့တာပေါ့။ ကားလာသယ်တဲ့ယာဉ်က သွားပြီး အနောက်မှာ ကျောက်ကားနဲ့ နှစ်စီးနဲ့ Vigo တစ်စီး ကပ်ပါလာတယ်။ အဲသုံးစီးကို ပစ်တာ။”လို့ ပြောပါတယ်။

အဆိုပါ ညနေ ၄ နာရီလောက်မှာ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဘုတ်တောင်မှာ လမ်းလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ လည်း ကစယ်ဒိုဖဒရယ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ညနေပိုင်း ပစ်ပြီးနောက်မှာ မင်းဒပ်ရွာမှာ စစ်ကောင်စီက အလောင်းတွေကို လာယူသွားတယ်လို့ ကစယ်ဒိုဖဒရယ်စစ်ကြောင်းတာဝန်ရှိသူကပြောပါတယ်။

“ဖားကန့်ဖြစ်စဉ်အတွက် ကျနော်တို့ စစ်ကြောင်းကလည်း ကချင်ပြည်သူတွေနဲ့ အတူရပ်တည်တယ်ဆိုတာနဲ့  ပတ်သက်ပြီး ကျနော်တို့ လုပ်နိုင်တာ လုပ်ခဲ့တာပါ။”

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို PDF က မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024