Home
မြန်မာသတင်း
ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရ၊ စခန်းမှူးအပါအဝင် ၁၁ ဦး သေဆုံး
DVB
·
October 29, 2022

မန္တလေးတိုင်း ငါ့သရောက်မြို့ နယ်မြေရဲစခန်း အောက်တိုဘာ ၂၉ ရက်နေ့ ညနေလေးနာရီခွဲက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ရဲ ၁၁ ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းခံခဲ့ရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ နယ်မြေရဲကင်းစခန်းကို ဒီကနေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ အမည်မဖော်လိုသူဝန်ထမ်းတဦးက ပြောပါတယ်။

"ဆိုင်ကယ်တွေနဲ့ လာပစ်တာ၊ ပြေးချိန် ပြန်ပစ်ချိန်တောင်မရလိုက်ဘူး။ ၁၁ ဦးသေတယ်၊ ရဲမေ ၁ ဦး ဒဏ်ရာရတယ်၊ သေနတ်တွေပါယူသွားတယ်။" 

သေဆုံးသွားသူတွေကတော့ စခန်းမှူးရဲအုပ်အေးကျော်၊ ဒုရဲအုပ်ဖြိုး ဝေလင်းနဲ့ အခြားအဆင့် ၉ ဦး သေဆုံးပြီး ရဲမေ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက  ပြောပါတယ်။

"သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့နေတာနဲ့ လက်နက်တွေပြန် မစစ်နိုင်ဘူး။ လက်နက်တွေပါသွားတယ်၊ ဘယ်လောက်လဲတော့ မသိသေးဘူး။"

ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက လူနာတင်ယာဥ်တွေနဲ့ ငါ့သရောက်မြိုနယ်ရင်ခွဲရုံနဲ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြေပါတယ်။

လက်တလောမှာ ငါ့သရောက်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ အင်အားတိုးမြှင့်ကာ ချထားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024