DVB Logo
Home
မြန်မာသတင်း
ရန်သူ့လေကြောင်း စီးနင်းတိုက်ခိုက်မှု အရေးတကြီး သတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး ပြော
DVB
·
October 29, 2022
ရန်သူ့လေကြောင်း စီးနင်းတိုက်ခိုက်မှု အရေးတကြီး သတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး ပြော
Donate to DVB

လေကြောင်းကာကွယ်ရေးလက်နက်ရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက် ဖြန့်ကြက်တပ်ဆင်နိုင်ဖို့လည်း အကန့်အသတ်ရှိတာကြောင့် ရန်သူ့လေကြောင်းကို ဉာဏ်သုံးပြီး ဟန့်တားနိုင်မယ့် နည်းလမ်းသစ်တွေရှာရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

ရေဒီယို NUG ကနေထုတ်လွှင့်တဲ့ PDF ရဲဘော်များသို့ ဆိုတဲ့ အစီအစဉ်ကနေ ပြောတာဖြစ်ပြီး ရန်သူရဲ့လေကြောင်း စီးနင်းတိုက်ခိုက်မှုကို အရေးတကြီး သတိပြုရမယ်လို့ ဆိုပါတယ်။

“မြေပြင်မှာ တော်လှန်ရေးအင်အားကို မယှဉ်နိုင်တော့ဘဲ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီဟာ သူ့ရဲ့စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းကိုပိုပြီး အားပြုလာတာ တွေ့ရတယ်။ ရှေ့မှာလည်း အရပ်ဘက်၊ စစ်ဘက်မရွေး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီး ကျုးလွန်လာဖို့ရှိတဲ့အတွက် ရဲဘော်တို့ အားလုံး သတိတမံ၊ ဉာဏ်မြေကတုတ် ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန်ရေး ဉာဏ်ပညာကို အမြင့်ဆုံး တပ်လှန့်ထားဖို့ လိုအပ်မယ်” လို့ ပြောပါတယ်။

လေကြောင်းဟာ အနှောင့်အယှက် အဖျက်စွမ်းအားကြီးတာမှန်ပေမယ့် စစ်ရေး အဆုံးအဖြတ်ပြုနိုင်တဲ့ ယန္တရားမဟုတ်ဘူးလို့ နားလည်ပြီး အခု နွေဦးတော်လှန်ရေးဟာ ဉာဏ်နဲ့ယှဉ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ 

“ငါတို့ ဉာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတခုပဲဖြစ်တယ်။ ဒီလက်နက်က တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြပ်မတ်ထားတာဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက် ဖြန့်ကြက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဉာဏ်သုံးပြီး ရန်သူ့လေကြောင်း ဟန့်တားနိုင်မယ့် နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။ နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့ အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်တယ်” လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ စိတ်အား၊ လူအား လျော့ပါးနေပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဆီမှာ မူးယစ်ဆေးဝါးတွေဆောင်ထားတာတွေ့ရသလို ဆေးသုံးပြီးမှ ရှေ့တန်းထွက်ရဲတော့တယ်လို့ ဝန်ခံကြကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။ 

ဆေးစွဲနေတဲ့ စစ်တပ်တခုအနေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျုးလွန်တယ်ဆိုတာ မဆန်းဘဲ PDF တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်ကနေ ကိုယ့်ပြည်သူကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ကြပါလို့လည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013