DVB Logo
Home
မြန်မာသတင်း
နယ်စပ်၌ စစ်ဆင်ရေး သတိထားဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို သတိပေး​
DVB
·
October 29, 2022
နယ်စပ်၌ စစ်ဆင်ရေး သတိထားဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို သတိပေး​
Donate to DVB

နှစ်နိုင်ငံ နယ်နိမိတ်ကြား စစ်ဆင်ရေးလုပ်ပါက သတိထားဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို သတိပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ရေးသား ထားပါတယ်။

အောက်တိုဘာ ၂၆ ရက်က ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဦးဆောင်တဲ့အဖွဲ့နဲ့  ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှာဖီယူဒင်အာမက်တို့ ဒါကာမြို့ရှိ စစ်ဌာနချုပ်မှာ တွေ့ဆုံစဥ် အခုလို သတိပေးပြောဆိုလိုက်တာပါ။ 

တွေ့ဆုံမှု‌အတွင်း ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ရခိုင်ပြည်နယ်ဒေသခံ ရိုဟင်ဂျာတွေကို အမြန်ဆုံးနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ အဓိက ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသောဒေသတွေမှာ စစ်ဆင်ရေး လုပ်တဲ့အခါ သတိထား ဆောင်ရွက်ဖို့ သတိပေးပြောကြားခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ကလည်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ် ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ပြန်နိုင်ဖို့ အဓိကဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ကလည်း နေရပ်စွန့်ခွာလာခဲ့ကြတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည် ပြဿနာအပါအဝင်  ဒေသဆိုင်ရာ ပြဿနာတွေနဲ့ ဒုက္ခသည်တွေကို  အချိန်အကြာကြီး ထားရှိ ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေးအန္တရာယ်နဲ့ မူဆလင် ဒုက္ခသည်တွေ အမြန်ဆုံး နေရပ် ပြန်နိုင်ဖို့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ဒေသခံမူဆလင်ဒုက္ခသည် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရပြီး ငါးနှစ်ကျော်ကာလအထိ ရောက်နေပေမဲ့ ဒီနေ့အထိ  နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013