Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားသဖြင့် နေအိမ်များ ဘေးလွတ်ရာပြောင်းရွှေ့
DVB
·
October 28, 2022

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးရွာသစ်မှာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့အတွက် အိမ်ခြေ ၂၀ ကို အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ ကျွန်ညိုကြီးရွာသစ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရွာက ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးတွေပြိုကျတာကြောင့် အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီလောက်မှာ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေခဲ့ရတယ်။ ကျနော်တို့ရွာက အိမ်ခြေ ၁၇၀၊ အိမ်ထောင်စု ၂၂၀ လောက်နေထိုင်ပြီး နှစ်စဥ်နှစ်တိုင်း ကမ်းပါးပြိုကျတဲ့ အန္တရာယ်နဲ့ ကြုံတွေ့ကြရတာပါ။ အဲဒီလိုပြိုကျနေတော့ နေအိမ်မှာလည်း မနေရဲဘူးပေါ့နော်။ ဒါကြောင့်မို့ ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းကြရတာ။”

ရွှေ့ပြောင်းစရိတ်တွေ မြေနေရာခတွေလည်း ကုန်ကျမှုရှိနေပြီး လတ်တလောမှာ နေအိမ်တွေ ပြန်လည်တည်ဆောက်နေရလို့ လူဦးရေ ၈၀ လောက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

ကျွန်ညိုကြီးရွာသစ်ဟာ ၁၉၈၂ ခုနှစ်လောက်ကတည်းက နှစ်စဥ် ကမ်းပြိုတဲ့ဒဏ်ကို ခံစားကြရပြီး မြေယာတွေ အများအပြားဆုံးရှုံးကာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ကမ်းပြိုအန္တရာယ်ကြောင့် နေအိမ် ၅၂ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024