DVB Logo
Home
မြန်မာသတင်း
အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားခဲ့ကြသူများအတွက် ‘မီးပိတ်သပိတ်” လူထုလှုပ်ရှား မှုပြုလုပ် ဆုတောင်းမည်
DVB
·
October 28, 2022
အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားခဲ့ကြသူများအတွက် ‘မီးပိတ်သပိတ်” လူထုလှုပ်ရှား မှုပြုလုပ် ဆုတောင်းမည်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါရွာမှာ လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူတွေအတွက် အပါအဝင် နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအဆက်ဆက်က ကျဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု” ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

“မီးသပိတ် လူထုလှုပ်ရှားမှု”ကို အောက်တိုဘာလ ၂၈ရက် ဒီကနေ့ ညမှာ  ပြုလုပ်သွားမှာ ဖြစ်ပြီး အနန့်ပါရွာ လေကြောင်း တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်ဖြစ်တဲ့ ည ၈ နာရီခွဲအချိန်ကနေ ၈ နာရီ မိနစ် ၄၀ အထိ  ပြည်သူလူထုတရပ်လုံးနဲ့  တစ်နိုင်ငံလုံး လျှပ်စစ်မီးတွေပိတ်၊ မီးမှိတ်ပြီး တိတ်တဆိတ် ဆုတောင်းတာတွေ  ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ အိမ်တွေ၊ လမ်းတွေ၊ အဆောက်အအုံတွေက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ၁၀ မိနစ်လောက် ပိတ်ပြီး အမှောင်ချထားတာကို ပြုလုပ်ကြမှာပါ။ ပြည်သူလူထုနဲ့ တစ်နိုင်ငံလုံး ပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဖားကန့်သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးသပိတ်လှုပ်ရှားမှုအပြင် ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက် ဆုတောင်းတာတွေ၊ ကချင်လူထုနဲ့အတူ ရပ်တည်ကြောင်း ရည်ညွှန်းသရုပ်ဖော်တဲ့ လှုပ်ရှားမှုတွေကိုလည်း တပါးတည်း ဖော်ဆောင်သွားဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

အောက်တိုဘာလ ၂၃ရက် ညက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ အကြိုကျင်းပနေချိန် စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ ဗုံကြဲခဲ့တာကြောင့် KIO/ KIA တပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၆၀ ကျော်  သေဆုံးခဲ့ပြီး ၁၀၀ လောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013