DVB Logo
Home
မြန်မာသတင်း
ICJ နှင့် ICC တရားရုံးများ မြန်မာပြည်သူများ၏ အသံကို နားထောင်ပေးရန် မြန်မာသံအမတ်ကြီး ကုလညီလာခံတွင် တောင်းဆို
DVB
·
October 28, 2022
ICJ နှင့် ICC တရားရုံးများ မြန်မာပြည်သူများ၏ အသံကို နားထောင်ပေးရန် မြန်မာသံအမတ်ကြီး ကုလညီလာခံတွင် တောင်းဆို
Donate to DVB

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC တို့အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးစေလိုကြောင်းနဲ့ နစ်နာခဲ့သူတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၂၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာပါ။

စစ်တပ်ရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တခြားသော ရက်စက်ကြမ်းကြုတ်မှုတွေဟာ လျော့နည်းလာခြင်းမရှိဘဲ မြန်မာနိုင်ငံနေရာအနှံ့ အပြားမှာ ဆက်လက်ကျူးလွန်နေကြောင်း  ICJ တရားရုံးရဲ့  ဂမ်ဘီယာ-မြန်မာအမှုနဲ့ ပတ်သက်တဲ့  ဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

အထူးသဖြင့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ စစ်ဆင်ရေးတွေ ပြုလုပ်နေစဉ် ရိုဟင်ဂျာတွေကို ဦးတည်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ခိုင်မာတဲ့ ကြားနာ စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ဖို့ လမ်းရှင်းပေးလိုက်တာဖြစ်တယ်၊ အမှန်အားဖြင့် စစ်တပ်ရဲ့ ကန့်ကွက်ချက်တွေကို ကြားနားဖို့တောင် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ NUG အစိုးရက ကနဦးကန့်ကွက်ချက် အားလုံးကို ရုပ်သိမ်းကြောင်းနဲ့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ ICJ သို့ တရားဝင် အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်၊

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့တခြား ရက်စက်ကြမ်းကြုတ်မှုများမှာနေရာအနှံ့အပြားမှာ ဆက်လက် ကျူးလွန်နေကြောင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်း ပစ်ခတ်မှုနဲ့  ဖားကန်ဒေသ အနန့်ပါမှာ  တေးဂီတ‌ဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေကို သံအမတ်ကြီးက ကုလသမဂ္ဂမှာ ထပ်မံတင်ပြသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013