DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် အခြေခံပညာကျောင်းသားများသမဂ္ဂ ထပ်ဖွဲ့
DVB
·
October 27, 2022
ပခုက္ကူတွင် အခြေခံပညာကျောင်းသားများသမဂ္ဂ ထပ်ဖွဲ့
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူဒေသမှာ အခြေခံပညာကျောင်းသားများသမဂ္ဂတခုကို အောက်တိုဘာ ၂၆ ရက်က ကျောင်းသားထုအစည်းအဝေးတရပ်နဲ့ ဗကသက ဦးဆောင်ပြီး ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးတာဝန်ခံတွေက မျိုးဆက်သစ် အခြေခံပညာကျောင်းသားတွေကို သမိုင်းအစဉ်အလာတွေနဲ့အတူ သမဂ္ဂစည်းရုံးရေး ပြုလုပ်ခဲ့ကြပြီး ကျောင်းသားထုရဲ့ တောင်းဆိုချက်အရ ကျောင်းသားထုအစည်းအဝေး တရပ်ကို ဦးဆောင်ခေါ်ယူပေးကာ အမှုဆောင်အဖွဲ့ကို ကျောင်းသားထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တာပါ။

ဗကသအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဒီကာလ လက်နက်ကိုင်အင်အားစုတွေ စိုးမိုးနယ်မြေမှာ အခုလို ကျောင်းသားထုအစည်းဝေး ခေါ်ယူကျင်းပပြီး ဖွဲ့စည်းတာကတော့ ပခုက္ကူဒေသရဲ့ ဒုတိယအဖွဲ့မြောက်ကျောင်းလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ဒီလို အခြေခံပညာကျောင်းသားများသမဂ္ဂတွေ လိုက်လံဖွဲ့စည်းပေးတာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပညာရေးရည်ရွယ်ချက် ဆိုတဲ့ ရည်ရွယ်ချက် ၂ ခုနဲ့ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

အခြေခံပညာကျောင်းသားသမဂ္ဂများ ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်နေတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒေသစည်းရုံးရေးတာဝန်ခံတယောက်က “ကျောင်းသားရဲ့တာဝန်ဟာ စာသင်ကြားရေးသက်သက် မဟုတ်ဘဲ ပြည်သူ့အရေးကိစ္စများပါ ထမ်းဆောင်ဖို့ဖြစ်လာတယ်။ ဒါဟာ ဗကသများအဖွဲ့ချုပ်ထားရှိတဲ့ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်တယ်။ နောက်ပြီး ဒီကျောင်းသားမဂ္ဂတွေဟာ တော်လှန်ရေးကာလ ကျောင်းတွင်းပညာရေးမှာ ပါဝင်ဖို့ လိုပါတယ်။ အခြေခံပညာကျောင်းသားများ လက်တွေ့သင်ကြားနေရတဲ့ ပညာရေးဟာ တော်လှန်ရေးကို ပြန်ပြီး အထောက်အကူပြုမှုရှိမရှိ ဆန်းစစ်ရပါမယ်။ မရှိရင် တော်လှန်ရေးကို အထောက်အကူပြုမယ့် ပညာရေးဖြစ်အောင် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို ဗကသများအဖွဲ့ချုပ်က အခြေခံပညာကျောင်းသားထုနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်ကလည်း ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ပခုက္ကူဒေသမှာပဲ အခြေခံပညာကျောင်းသားများသမဂ္ဂတခု ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013