အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားခြင်းမရှိသေးတဲ့ ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (အမ်ယူပီအေ) တို့ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ရခိုင်အမျိုးသားညီလာခံကို တက်ရောက်ခဲ့ကြသလို အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနဲ့လည်း တွေ့ဆုံပြီး အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်း လုံခြုံတိုးတက်ရေးမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန်