Home
မြန်မာသတင်း
ဂန့်ဂေါတွင် ကြားကာလပညာရေး စာသင်နှစ်တနှစ်အပြီး ကျောင်းဆင်းပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
October 27, 2022
313261589_640496491052357_7099439841159752399_n
313001111_640496561052350_6381674580518539369_n
313197570_640496621052344_559501765894641193_n
313253871_640496674385672_3048032344124940359_n
313173777_640496771052329_3978129140912104471_n

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ကြားကာလပညာရေး ကျောင်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ဂန့်ဂေါမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ CDM ဆရာ ဆရာမတွေ၊ ဒေသခံ မိဘပြည်‌သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ကြားကာလပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကြားကာလပညာရေး စာသင်နှစ်တနှစ်တာတော့ ပြီးသွားပြီပေါ့နော်။ နောက်နှစ် ကြားကာလပညာရေး စာသင်နှစ်လည်း ပြန်စတော့မှာပါ။ စစ်ရေးအခြေအနေအပေါ် မူတည်ဖွင့်ရတာဆိုတော့ ၁၀ ရက် သို့ ၂ ပတ်လောက်နားပြီး နောက်စာသင်နှစ် ပြန်စမှာပါဗျ။”

အဆိုပါအခမ်းအနားမှာ ဆရာ ဆရာမတွေကို ဂုဏ်ပြုတဲ့အစီအစဥ် ကျင်းပပေးတာ၊ ကျောင်းသား ကျောင်းသူတွေကို ဆုချီးမြှင့်ပေးတာ၊ အကအလှတွေနဲ့ ဖျော်ဖြေတာတွေ ပြုလုပ်ပြီး အခမ်းအနား သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အခုစာသင်နှစ် ဂန့်ဂေါမြို့နယ် ကြားကာလ ယာယီပညာရေးကျောင်းမှာ KG မှ Grade 11 ထိ ကျောင်းသား ကျောင်းသူပေါင်း ၁၁,၈၂၈ ဦးရှိပြီး CDM နဲ့ Volunteer ဆရာ ဆရာမပေါင်း ၁,၂၀၉ ဦးနဲ့ သင်ကြားခဲ့ပါတယ်။ NUG ရဲ့ ကြားကာလပညာရေး အစီအစဥ်အတိုင်း ဆောင်ရွက်‌ခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် ယာယီပညာရေးဘုတ်အဖွဲ့ကို မြို့နယ်အတွင်းရှိ CDM ဆရာ ဆရာမတွေ၊‌ ကျောင်းသား ကျောင်းသူတွေ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိမှာ ကြားကလပညာရေးစနစ်ကို လည်ပတ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024