DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ် အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်
DVB
·
October 27, 2022
မြောင်မြို့နယ် အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ (M2W) တည်ထောင်ခြင်း တနှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို မြောင်မြို့နယ်ရှိ သူတို့တပ်စခန်းမှာ ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့သလို ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကလည်း Zoom Meeting အသုံးပြုပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။

သဝဏ်လွှာအတွင်းမှာ “စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူညီမျှရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနှင့် စစ်မှန်သောဒီမိုကရေစီစနစ် ပြန်လည်ပေါ်ပေါက်လာရေးတို့အပြင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးအတွက် နွေဦးတော်လှန်ရေးမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း၏ ပေးဆပ်မှုနှင့် ရဲစွမ်းသတ္တိအပေါင်းကို လေးစားဂုဏ်ပြုအပ်ကြောင်း၊ ယခုနွေဦးတော်လှန်ရေးမှာ အမျိုးသမီးများ၏ ကြီးမားသော အခန်းကဏ္ဍနှင့် သူရသတ္တိမှာ နိုင်ငံတကာကပင် ချီးကျူးထောမနာ ပြုရသည်အထိ ထင်ရှားပေါ်လွင်ကြောင်းနဲ့ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း၏ သူရသတ္တိ၊ စံနမူနာကောင်းများနှင့် အမည်နာမတို့သည် နောင်ခေတ်အဆက်ဆက် မျိုးဆက်များအကြား သမိုင်းဝင် မော်ကွန်းတင်နိုင်မည်ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

မြောင် အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ (M2W) ဟာ မိုင်းကို အဓိကအားထား ထုတ်လုပ်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဖြစ်ပြီး ‌မြောင်နယ်ဒေသတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင် ခုခံတိုက်ခိုက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

“ခေတ်စနစ်ရဲ့ လိုအပ်လာတဲ့ အခြေအနေအရ ကောက်ရိတ်ရတဲ့ အညာသူတွေရဲ့လက်တွေဟာ သေနတ်တွေကိုသယ်လို့ သေနတ်ပြောင်းဝကို ရန်သူ့ဘက်ကိုလှည့်လို့ အမျိုးသမီးတပ်ရင်းတခု မနှစ်က ဒီလိုနေ့ရက်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တခုတည်းသော အမျိုးသမီးတပ်ရင်းပဲ။ ရှေးရိုးစွဲ အယူအဆတွေ သိပ်များတယ်ဆိုတဲ့ အညာဒေသမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ တပ်ရင်းတခုဖွဲ့လို့ ရန်သူကို ချေမှုန်းနိုင်တယ်ဆိုတာ ရဲရဲဝင့်ဝင့် ပြသနိုင်ခဲ့တာပါပဲ” လို့ မြောင်အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ Myaung Women Warriors (M2W) က ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ အမျိုးသမီးစစ်သည်တော်တွေက အကပြိုင်ပွဲပြုလုပ်ကာ အဖွဲ့ ၇ ဖွဲ့နဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး လူ့အခွင့်အရေးဆိုင်ရာနဲ့ သိရှိနားလည်ထားတဲ့ နယ်ပယ်အသီးသီးမှ အတွေ့အကြုံတွေ အပါအဝင် အခြေအနေအရပ်ရပ်ကို ဆွေးနွေးဝိုင်းအဖြစ် သီးသန့်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြောင်အမျိုးသမီးစစ်သည်တော်တပ်ဖွဲ့ Myaung Women Warriors (M2W) ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒေသတွင်းရှိ တော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013