DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ မိုင်းကျွမ်းကျင် PDF ရဲဘော် ၁ ဦးကျဆုံး
DVB
·
October 27, 2022
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ မိုင်းကျွမ်းကျင် PDF ရဲဘော် ၁ ဦးကျဆုံး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဖလံပင်ရွာနဲ့ အိုင်းမရွာကြားမှာ အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရောင်နီ(ပုလဲ) နဲ့ ဗိုလ်ဂဠုန်ညီနောင်က “စခအင်အား ၁၂၀ လောက်နဲ့ မနက်ခင်းပိုင်းက ကျနော်တို့ PDF အဖွဲ့ပေါင်းစုံနဲ့ တိုက်ပွဲဖြစ်တယ်။ မနက်ခင်းပိုင်းက ကျနော်တို့ဘက်က စစ်ရေးအသာစီးရတယ်။ အဲအချိန်မှာ စစ်သား ၇ ယောက်လောက် အသေပစ်နိုင်ခဲ့တယ်။ နေ့လယ်ပိုင်းကျတော့ စစ်ကောင်စီဘက်က စစ်နည်းဗျူဟာပြောင်းပြီး တိုက်ခိုက်တယ်။ ကျနော်တို့ဘက်က တိုက်ပွဲကြာလာတာနဲ့အမျှ ကျည်အင်အားနည်းလာတယ်။ အဲအချိန်မှာ စစ်ကောင်စီထိုးစစ်ကို ခုခံစစ်ကနေ ဆုတ်ခွာခဲ့တယ်။ ကျနော်တို့ဘက်ကလည်း အခုညနေ ၅ နာရီအထိ အထိခိုက် အကျဆုံးတော့ မရှိဘူး” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံနဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကျေးရွာတချို့ကို မီးရှို့နေတာကြောင့် ရွာ ၅ ရွာက ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ပုလဲဒေသခံရွာသားတယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး သဲပြင်ကျယ်ရွာနဲ့ ဖလံပင်ရွာကို မီးရှို့နေတယ်။ သူတို့က အခုလို ရွာတွေ ဝင်မီးရှို့တာဆိုတော့ ရွာသားတွေက အကုန်ထွက်ပြေးနေရတယ်။”

အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီခွဲလောက်ကလည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးရုံးနဲ့ ထုတ်လုပ်ရေးစခန်းတခုကို မီးရှို့ကာ ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းထားတဲ့  အကျဉ်းသားတချို့နဲ့ ဒလန်တချို့ကို နမခစစ်တပ်ဌာနချုပ်စခန်းကို လေယာဉ်နဲ့ ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ စစ်ကောင်စီကို ပြန်လည်ခုခံ တိုက်ခိုက်နိုင်ဖို့အတွက် လက်နက် အမြန်ဆုံးတပ်ဆင်ပေးဖို့ NUG အစိုးရကို တောင်းဆိုထားကြပါတယ်။

စစ်ကိုင်း-မုံရွာကားလမ်းတလျှောက်မှာ စစ်‌‌ကောင်‌စီ ပစ္စည်းသယ်ကားတွေကို အမြဲ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်နေတဲ့ Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့က အထူးကွန်မန်ဒိုရဲဘော် မိုင်းကျွမ်းကျင်ပညာရှင် အသက် ၁၉ နှစ်အရွယ် PDF ရဲ‌ဘော်‌တယောက် အောက်တိုဘာ ၂၄ ရက်က တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ MNRF က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်‌ပြန်‌ပါတယ်‌။

စစ်‌‌ကောင်‌စီအင်‌အား ၁၅၀ ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ အသင့်စောင့်နေစဉ် မိုင်းကွင်းထဲကိုမဝင်ဘဲ စစ်‌‌ကောင်‌စီတပ်‌ကို မိုင်းဆွဲဖို့ အသင့်စောင့်နေတဲ့ ရဲဘော်တွေရဲ့ နောက်ကျောကနေ ရောက်လာပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့မှ အထူးကွန်မန်ဒိုတယောက်လည်း ဖြစ်သလို မိုင်းကျွမ်းကျင်ပညာရှင်တဦးလည်းဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ်၊ တပ်ခွဲ-၂၊ တပ်စု-၃ တပ်စုမှူး ရဲဘော် အီးဇီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပြီး မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ MNRF ထုတ်‌ပြန်‌ချက်‌မှာ‌ ဖော်‌ပြပါတယ်‌။

တိုက်ပွဲအတွင်း ရဲဘော်အီးဇီးက တခြားရဲဘော်နှစ်ယောက် လွတ်မြောက်အောင် ကူညီနိုင်ခဲ့တယ်လို့လည်း MNRF က ဆိုပါတယ်။

တိုက်ပွဲမှာ ရဲဘော်အီးဇီးဟာ ပထမတချက် လက်မောင်းကို ကျည်ဆန်ထိမှန်ချိန်မှာ သူရဲ့လက်လုပ်သေနတ်အတိုနဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီး  ဒုတိယတချက် ဒူးကိုမှန်ကာ လမ်းမလျှောက်နိုင်ချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ ဝိုင်းပစ်ခတ် ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မေးတာကို မဖြေလို့ လူမဆန်စွာ သတ်ဖြတ်တာခံခဲ့ရတယ်လို့  MNRF ထုတ်ပြန်ချက်မှာ ဖော်‌ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013