DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လမ်းပိတ်ထားသဖြင့် စစ်တွေအဝေးသင်တက္ကသိုလ်ကျောင်းသားများ အိမ်ပြန်ရန် အခက်ကြုံ
DVB
·
October 27, 2022
စစ်တပ်က လမ်းပိတ်ထားသဖြင့် စစ်တွေအဝေးသင်တက္ကသိုလ်ကျောင်းသားများ အိမ်ပြန်ရန် အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေ အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် စစ်တွေအဝေးသင်တက္ကသိုလ်စာမေးပွဲ ဖြေဆိုပြီးကြတဲ့ ကျောင်းသား ကျောင်းသူတွေ အိမ်ပြန်ဖို့ အခက်တွေ့နေကြတယ်လို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

ပေါက်တောမြို့နယ်မှ ကျောင်းသားတယောက်က “လမ်းတွေပိတ်ထားပြီး အစစ်အဆေးတွေ များနေတယ်ဆိုတော့လေ စစ်တွေမှာပဲ ခေတ္တနေရမယ်ထင်ပါတယ်။ ပြန်ရင်တော့ ရပါတယ်။ စစ်တွေက ပုဏ္ဏားကျွန်းကို ကားနဲ့သွားပြီး ပေါက်တောဘက်က စက်လှေတွေကို ခေါ်လာခိုင်းရင်တော့ ရပါတယ်။ ရေလမ်းက လှိုင်းတွေထန်တော့ အန္တရာယ်များပါတယ်။ စာမေးပွဲပြီးတော့ မိမိနေအိမ်ကို ပြန်ချင်ကြတာပေါ့။ ကျနော်တို့ စိတ်ရင်းနဲ့ပြောရရင် လမ်းတွေကိုလည်း ဖွင့်ပေးစေချင်တယ်။ အခက်အခဲတွေက အများကြီးပါ။ ဒါပေမဲ့ အခြေအနေတွေကြည့်ပြီး အိမ်ပြန်ဖို့ စီစဥ်ထားကြတယ်။ လမ်းအခြေအနေ မကောင်းရင်လည်း စစ်တွေမှာ သင်တန်းတွေတက်ပြီးတော့ ဆက်နေထိုင်သွားဖို့ စဥ်းစားထားပါတယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့နယ်ကနေ စစ်တွေမြို့ကို သွားလာနေကြတဲ့ စက်‌‌လှေတွေကို အောက်တိုဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်တာကြောင့် ရွှေပြည်တန် အမြန်ရေယာဥ်တွေနဲ့ လှိုင်းဘုတ်တွေပါ ပိတ်ထားတာ ဖြစ်ပါတယ်။

စစ်တွေအဝေးသင်တက္ကသိုလ် မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာ ၂ ခု အောက်တိုဘာ ၁၈ ရက်နေ့က စာမေးပွဲ စတင်ဖြေဆိုခဲ့ရပြီး အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာ စာမေးပွဲ ဖြေဆိုပြီးစီးခဲ့ပါတယ်။

မောင်တောမြို့နယ် အဝေးသင်တက္ကသိုလ်ကျောင်းသူတယောက်က “တက္ကသိုလ်ဆရာ ဆရာမတွေက ပါမောက္ခတွေနဲ့ ဆွေးနွေးပြီး စီစဥ်ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ အချိန်တော့ ကြာနိုင်ပါတယ်။ ဒီလိုကုန်စျေးနှုန်းနဲ့ နောက်ထပ် တရက်၊ နှစ်ရက် ဆက်နေဖို့ဆိုတာ မလွယ်ပါ။ သွားမယ်ဆိုရင်လည်း မိမိအစီအစဥ်နဲ့ သွားရမယ်ထင်ပါတယ်။ လမ်းမှာ အန္တရာယ်ကြုံရင်လည်း ကိုယ့်ဟာနဲ့ကိုယ်ခံပေါ့။ သူတို့ဘက်ကတော့ မော်တော်လှေတွေမှာ လုံခြုံရေးထည့်ပေးမယ်လို့ ပြောတယ်။ လုံခြုံရေးပါလာရင် ဘယ်သူမှ မသွားဝံ့ကြပါဘူး။ အခုတော့ ကျောင်းသူ ကျောင်းသားတွေ အားလုံးပေါင်းပြီး မော်တော်လှေတွေငှားပြီး သွားကြဖို့တော့ စီစဥ်ထားတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က အဝေးသင်တက္ကသိုလ် ပထမအသုတ်စာမေးပွဲအပြီး  မောင်တောနဲ့ ဘူးသီးတောင်ကို ပြန်လာကြတဲ့ ကျောင်းသားတွေရဲ့ စက်လှေတွေကို ရသေ့တောင် ‌ရေစိုးချောင်းဗျူဟာက လက်နက်ကြီးပစ်ခတ်တာ၊ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ ကျောင်းသူ ကျောင်းသားတွေ တင်ဆောင်လာတဲ့ မော်တော်ဘုတ် ၆ စီး ရှေ့မသွားရဲဘဲ ကျွန်းတကျွန်းမှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013