DVB Logo
Home
မြန်မာသတင်း
ကွီလုံတိုင်တပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများကို လက်နက်ခဲယမ်းနှင့်အတူဖမ်းမိ
DVB
·
October 27, 2022
ကွီလုံတိုင်တပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများကို လက်နက်ခဲယမ်းနှင့်အတူဖမ်းမိ
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ ကွီလုံတိုင်တပ်စခန်းကို KNLA တပ်မဟာ ၆ တပ်ရင်း  ၁၇ ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၂၅ ရက်ညမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်တပ်မှူးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ် စကခ ၁၃ လက်အောက်ခံ ခမရ ၃၃၉  ရဲ့အခြေစိုက်စခန်းဖြစ်တဲ့ ကျိုက်ဒုံမြို့နယ်ခွဲ အဇင်းကျေးရွာအုပ်စုရှိ  ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးဖမ်းဆီးရမိပြီးလက်နက်ချအလင်းဝင်းတဲ့သူတွေနဲ့ဆိုရင် စုစုပေါင်း အယောက် ၃၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စက်သေနတ်မျိုးစုံ  ၄၃ လက်၊  လက်ပစ်ဗုံး ၂ လုံးနဲ့ လက်နက်ခဲယမ်း ကျည်ဆန်တချို့အပါအဝင်  စစ်သုံးပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကောင်စီတပ်ထံ ပြန်လည်လွဲပြောင်းပေးမှာမဟုတ်ဘဲ KNLA သက်ဆိုင်ရာ ဌာနအဆင့်ဆင့်က အရေးယူသွားမယ်လို့ တပ်မှူးကပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ KNLA တပ်ရင်း ၁၇၊ KNLA တပ်ရင်း ၁၈ ၊ KNLA တပ်ရင်း ၂၇ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) နဲ့ Federal Win Drone တပ်ဖွဲ့တွေ  ပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအပြီးမှာ မြဝတီ-ကော့ကရိတ်အာရှလမ်း မြဝတီမြို့နယ် ကွမ်းခြံကွေ့အနီးရှိ စားသောက်ဆိုင်တဆိုင်မှာ စားစရာဝယ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄ ယောက်ကို  KNLA အဖွဲ့ဝင် ၄ ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်သား ၃ယောက် နေရာမှာတင် သေဆုံးပြီးတယောက်ကတော့ စိုးရိမ်ဒဏ်ရာနဲ့ ထွက်ပြေးသွားလို့ လက်နက်ငယ် ၄ လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း အာရှလမ်းမှာ ခရီးသွားလာသူတွေအနေနဲ့  လမ်းခရီးမှာ စစ်ကောင်စီတပ်တွေလိုက်ပါခြင်း ပူးတွဲသွားလာခြင်းတွေကို ရှောင်ကြဖို့နဲ့ စစ်ရေးသတင်းတွေကို နားဆွင့်ထားဖို့ KNLA ပူးပေါင်းတပ်တွေက အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013