DVB Logo
Home
မြန်မာသတင်း
မိုင်းမတော်တဆဖြစ်ပြီး Black Wolf - Army အဖွဲ့က ရဲဘော် ၂ ဦး ကျဆုံး
DVB
·
October 26, 2022
မိုင်းမတော်တဆဖြစ်ပြီး Black Wolf - Army အဖွဲ့က ရဲဘော် ၂ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း အခြေပြုလှုပ်ရှားနေတဲ့ Black Wolf - Army အဖွဲ့က ရဲဘော် နှစ်ယောက် အောက်တိုဘာ ၂၄ ရက်က မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

Black Wolf - Army အဖွဲ့က ရဲဘော်စောကျော်ဇော်ရှိန်း (ခ) ရာဇနဲ့ ရဲဘော်တီကောင်တို့ဟာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းဆင်နေချိန်မှာ မတော်တဆ ပေါက်ကွဲပြီး ကျဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရဲဘော်တီကောင်ဟာ နေရာမှာတင် ကျဆုံးခဲ့ပြီး ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇဟာ ပြင်းထန်ဒဏ်ရာကို ကုသနေစဥ် ကျဆုံးခဲ့တာလို့ သိရပါတယ်။

မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော်စောကျော်ဇော်ရှိန်း (ခ) ရာဇနဲ့ ရဲဘော်တီကောင်တို့ဟာ ရဲရင့်၊ ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပြီး အဲဒီအတွက် BLACK WOLF - ARMY ရဲဘော်တွေက အောက်မေ့အမှတ်ရနေမယ်လို့ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013