DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား‌ ၂ ဦး ဖမ်းဆီးခံရ
DVB
·
October 26, 2022
ဘုတလင်မြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား‌ ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မကျည်းအုပ်ရွာကို အောက်တိုဘာ ၂၅ ရက် မနက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား နှစ်ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကျည်းအုပ်ကျေးရွာအနီးက ဘုတလင်ဗန္ဓုလတပ်ရင်း ၁ ကို ဝင်ရောက်စီးနင်းဖို့ စစ်ကြောင်းထိုးလာရင်း ဒေသခံတွေကို ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတဦးက“သူတို့ PDF စခန်းကို စီးချင်တယ်ဆိုရင်လည်း အဲဒီစခန်းပဲ ပစ်ခတ်လေ။ အခုဟာက ရွာသားတွေကို အကြောင်းမဲ့ ပစ်သတ်တာ။ မိသားစုချင်း ကိုယ်ချင်းစာနာစိတ်တော့ ထားသင့်ပါတယ်။ ပြည်သူတွေရဲ့ ဘဝတွေကို လူလိုနားလည်ရင်၊ လူစိတ်ရှိရင် အခုလို ပစ်ခတ်ပါမလားဗျာ။ အခုဟာက ခွေးလောက်တောင် အသိဉာဏ်မရှိတဲ့ကောင်တွေပါ။ ဒီစခ တွေကို တသက်မကျေဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ပစ်ခတ်တာကြောင့် အသက် ၄၂ အရွယ် မကျည်းအုပ်ဒေသခံ မညိုလုံး သေဆုံးသွားပြီး အမျိုးသား နှစ်ယောက်လည်း ဖမ်းဆီးခံခဲ့ရတာပါ။

ဘုတလင်ပြည်သူကာကွယ်ရေး ကိုနင်ဂျာက “ကျနော်တို့စခန်းကို ဝင်စီးခံရတာဗျ။ ကား ၁ စီးရယ်၊ ဆိုင်ကယ် ၅ စီးရယ်၊ ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ အကုန်ပါသွားတယ်။ ကာလတန်ဖိုး သိန်းသုံးရာဖို့လောက်ရှိမယ်ဗျ။ ဒီကောင်တွေမလာခင် စခန်းနဲ့ ပစ္စည်းတွေ မီးရှို့မယ်ဆိုတာသိလို့ ကားထဲ မိုင်းထောင်ထားခဲ့တာ အဲကားကိုမီးရှို့တော့ စစ် (-) တွေ မသာပေါ်တဲ့ကောင်ကပေါ်ပြီး ၁၅ ဦးလောက်ဒဏ်ရာရသွားတယ်။ သူတို့ပြန်သွားပြီး ကျနော်တို့ စခန်းပြန်ကြည့်တော့ ကားနံဘေးက သွေးအိုင်ကွက်တွေ အများကြီးတွေ့ရတယ်။ နောက်ပြီး ဘုတလင် ဆေးရုံသတင်းအရ ၁၅ ဦးကတော့ ဒဏ်ရာရတာတွေရှိတယ်။ သေဆုံးသူတွေကတော့ ဆေးရုံမလာဘဲ သင်္ချိုင်းတန်းပို့တယ်လို့ ကျနော်တို့ ပြန်သိထားရတယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ် မကျည်းအုပ်ဒေသခံတွေ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်ပြီး ဘုတလင်မြို့ပေါ် ပြန်လည်တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013