ဘန်ကောက်အဲယားဝေး နေပြည်တော်ခရီးစဉ် တိုးချဲ့ပျံသန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မြန်မာနိုင်ငံ နေပြည်တော်ကို  ၁ ပတ် ၅ ကြိမ် ပျံသန်းနေတဲ့ ဘန်ကောက်အဲယားဝေးလေကြောင်းလိုင်းဟာ အထူးအစီအစဉ်တရပ်အနေနဲ့ မေ ၅ ရက်ကနေ ၃၀ ရက်အတွင်း ၁ ပတ်ကို ၇ ကြိမ် တိုးချဲ့ပျံသန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

HS-PGW-Bangkok-Airways-Airbus-A320-200_PlanespottersNet_329437ဒီအစီအစဉ်မှာ မေ ၁၃ ရက်ကနေ ၃၀ ရက်နေ့အတွင်း ပီဂျီ ၇၂၁ လေယာဉ်က ဘန်ကောက်ကနေ ညနေ ၅ နာရီ ထွက်ခွာပြီး နေပြည်တော်ကို ည ၇ နာရီ ရောက်ရှိကာ  ပီဂျီ ၇၂၂ လေယာဉ်ကတော့ နေပြည်တော်ကနေ ည ၈ နာရီ ၅ မိနစ်မှာ ထွက်ခွာပြီး ဘန်ကောက်ကို ည ၉ နာရီ ၅ မိနစ်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

မေ ၆ ရက်ကနေ ၁၂ ရက်နေ့တွေမှာတော့ ပီဂျီ ၇၂၁ လေယာဉ်ဟာ ဘန်ကောက်ကနေ ညနေ ၅ နာရီ ထွက်ခွာပြီး နေပြည်တော်ကို ည ၇ နာရီမှာ ရောက်ရှိကာ ပီဂျီ ၇၂၂ လေယာဉ်ကတော့ နေပြည်တော်ကနေ ညနေ ၆ နာရီ ၂၅ မိနစ်မှာ ထွက်ခွာပြီး ဘန်ကောက်ကို ည ၇ နာရီ ၃၅ မိနစ်မှာ ရောက်ရှိမယ်လို့  အဆိုပါလေကြောင်းလိုင်းက ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up