DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေအဖြစ် စီမံဘဏ္ဍာဒု၀န်ကြီးကို စစ်ဆေး
DVB
·
October 25, 2022
ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေအဖြစ် စီမံဘဏ္ဍာဒု၀န်ကြီးကို စစ်ဆေး
Donate to DVB

ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာ ၂၅ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ပြန်ခေါ်သက်သေအဖြစ် စီမံဘဏ္ဍာဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်းကို စစ်တယ်။ ဒီနေ့ သူ့တယောက်တည်းကိုပဲ ငါးမှုလုံးအတွက် စစ်တယ်။ မနက်ဖြန်ရုံးချိန်းမှာ လူကယ်ပြန်၀န်ကြီးဌာန၊ ဘေးစီမံဌာနက အမျိုးသမီးတစ်ဦးနဲ့ စာရင်းစစ်ချုပ်ရုံးက အမျိုးသမီးတစ်ဦးကို စစ်မယ်” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် အောက်တိုဘာ ၁၈ ရက်နေ့က စွဲချက်တင် အမိန့်ချလိုက်ပြီး ဒီနေ့ အောက်တို ဘာ ၂၅ ရက်နေ့ကစကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာပါ။ 

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013