DVB Logo
Home
မြန်မာသတင်း
PDF Kalay တပ်ရင်း ၁၂ အတွက် စျေးရောင်းပွဲတော်တွင် ကျပ် သိန်း ၁၀၀ ကျော်ရ
DVB
·
October 25, 2022
PDF Kalay တပ်ရင်း ၁၂ အတွက် စျေးရောင်းပွဲတော်တွင် ကျပ် သိန်း ၁၀၀ ကျော်ရ
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ အာရီဇိုနားပြည်နယ်  ဖီးနစ်မြို့မှာရှိတဲ့ ပြည်ပရောက် မြန်မာပြည်သူတွေက PDF Kalay တပ်ရင်း ၁၂ ရဲဘော်တွေအတွက် ရန်ပုံငွေဈေးရောင်းပွဲတော်ပြုလုပ်ခဲ့ရာမှာ ငွေကျပ် သိန်း ၁၀၀ ကျော်ရခဲ့ပါတယ်။ 

အကြမ်းခံပြီး ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်တဲ့ ယူနီဖောင်းတွေဝယ်ယူဖို့ ရန်ပုံငွေရှာစျေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့ပြီး အခုဈေးရောင်းပွဲ‌တော်ဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။ 

အဲဒီပွဲမှာ မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ ဝက်သားတုတ်ထိုး စတဲ့ မြန်မာအစားအစာ ၁၁ မျိုးကို တပွဲကို အမေရိကန် ၁၀ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး ဒေါ်လာ ၃၀၄၀ (မြန်မာကျပ် ၁၀,၆၄၀,၀၀၀) ရရှိခဲ့တယ်လို့ဆိုပါတယ်။ 

အခုလို ပြည်နယ်အသီးသီမှ လာရောက်အားပေးခဲ့ကြသော ညီအစ်ကိုမောင်နှမတွေ၊ ပွဲဖြစ်မြောက်ရေး စီစဉ်ပေးသူတွေ၊ ပွဲကျင်းပနိုင်ရန် နေရာစီစဉ်ပေးတဲ့ Ding Asian Mart USA နဲ့ ဟင်းပွဲတွေ စီမံချက်ပြုတ်ပေးတဲ့ စေတနာရှင် တယောက်စီတိုင်းကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်လို့ ကလေး PDF တပ်ရင်း ၁၂ က ကျေးဇူးတင်စကားဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာမှာ ပြုလုပ်ခဲ့တဲ့ တပ်ရင်း ၁၂ အတွက် ပထမဆုံးလုပ်တဲ့ ဈေးရောင်းပွဲတော်မှာတော့ မြန်မာငွေကျပ် သိန်း ၈၀ ကျော်ရရှိခဲ့ပါသေးတယ်။ 

ကလေး PDF တပ်ရင်း ၁၂ ဟာ ကလေးမြို့နယ်မှာလှုပ်ရှားနေတဲ့အဖွဲ့တခုဖြစ်ပြီး မြေပြင်အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့အတူပူးပေါင်းပြီး စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013