DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တနေ့တည်းစိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းဖမ်းမိ
DVB
·
October 25, 2022
ထိုင်းတွင် တနေ့တည်းစိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာ  တနေ့တည်းစိတ်ကြွဆေးပြား ၁ သန်းကျော်ဖမ်းဆီး ရမိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ဒမ်းရုန်းဆဒ် ကစ်သီပဖတ်က  အောက်တိုဘာ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ 

အဆိုပါ စိတ်ကြွဆေးတွေကို ဖြစ်စဉ် နှစ်ခု နေရာ နှစ်နေရာကနေ ဖမ်းဆီးရမိတာဖြစ်ကြောင်း၊ ပထမဖြစ်စဉ်မှာ မဟာဆာရခမ်းခရိုင်မှာဖြစ်ပြီး တရားခံ သုံးယောက်ထံကနေ စိတ်ကြွဆေးပြား ၄,၀၀၀,၀၀၀ ကို သေနတ် နှစ်လက် မှန်လုံကား တစီး၊ အိမ်စီးကား တစီး တို့နဲ့အတူ ဖမ်းမိတာလို့ ထိုင်းရဲချုပ်က ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်က နောင်ခိုင်မှာ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးရမိရာက နောက်ဆက်တွဲကွင်းဆက်စုံစမ်းမှုဖြစ်ကြောင်း ၊ မူးယစ်ဆေးတွေဟာ လွဲ့အစ်ခရိုင် ဖိုးထောင်းမြို့နယ်ဘက်ကလာမှာ ကြိုတင်သတင်းရထားလို့ မသင်္ကာဖွယ်ကားကို နောက်ယောင်ခံပြီး မဟာဆာရခမ်းမြို့ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ဝင်ရောက်ရပ်နားစဉ် ဝင်ဖမ်းလိုက်တာလို့ ဆိုပါတယ်။ 

တရားခံသုံးယောက်က အမျိုးသား  နှစ်ယောက်နဲ့  အမျိုးသမီးတယောက်ဖြစ်ပြီး  ကား  နှစ်စီးမှာတော့ မှန်လုံက ရှေ့ကနေလမ်းရှင်းကာ နောက်ကားမှာ စိတ်ကြွဆေးတွေ တင်လာတာလို့ ဆိုပါတယ်။

နောက်ဖြစ်စဉ်တစ်ခုမှာလည်း ထိုင်းအရှေ့မြောက်ပိုင်း လွဲ့အစ်ခရိုင် ထဝပ်ပူရီမြို့နယ်ထဲမှာ အမျိုးသား နှစ်ယောက်ထံကနေ စိတ်ကြွဆေး ၆ သန်းဖမ်းမိခဲ့ကြောင်း၊ ဒါဟာလည်း ပြီးခဲ့တဲ့နှစ်က အိုက်စ်ဆေး ၈၂၅ ကီလိုဂရမ်ဖမ်းမိတဲ့ နောက်ဆက်တွဲစုံစမ်းချက်ဖြစ်ပြီး နခွန်းဖနုန်ခရိုင် အမျိုးသား နှစ်ယောက်က  နခွန်းဖနုန်ခရိုင် ထတ်ဖနုန်မြို့နယ်ကနေ သယ်ဆောင်လာကာ အယုဒ္ဓယခရိုင် ဝမ်းနွဲ့မြို့နယ်ကို ပို့ဖို့သယ်ဆောင်လာစဉ် ထဝပ်ပူရီမြို့နယ် နိဝေ့ရပ်ကွက် လမ်းဆုံမီးပျွိင့်မှာ ဖမ်းမိတာလို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ် နှစ်ခုလုံးက မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့စေခိုင်းသူမှာ တစ်ဦးတည်းဖြစ်ကြောင်း၊ အဆိုပါမူးယစ်ဆေးတွေဟာ ထိုင်းမြောက်ပိုင်းအိမ်နီးချင်းနိုင်ငံကနေ ရေလမ်းနဲ့ ဝင်ရောက်လာတာလို့ ရဲချုပ်က ပြောပါတယ်။ 

ခုလိုတရားမဝင်မူးယစ်ဆေးတွေဖမ်းဆီးနေသလို တဘက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနလမ်းညွှန်ချက်အရ မူးယစ်ဆေးစွဲသူတွေကို စာရိတ္တပြုပြင်ရေးစခန်းတွေထံ ပို့ဆောင်ကုသပေးတာနဲ့ ပညာပေးလုပ်ငန်းတွေပါ ဆောင်ရွက်နေတယ်လို့ ထိုင်းရဲချုပ်က ပြောသွားပါတယ်။ 

Ref- Matichon/PoliceTV

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013