DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံများတွင် လူနာစောင့် ၁ ဦးသာ ထားခွင့်ရသဖြင့် လူနာရှင်များ အခက်ကြုံ
DVB
·
October 25, 2022
ရန်ကုန်ဆေးရုံများတွင် လူနာစောင့် ၁ ဦးသာ ထားခွင့်ရသဖြင့် လူနာရှင်များ အခက်ကြုံ
Donate to DVB

ရန်ကုန်မှာရှိတဲ့ ဆေးရုံတွေမှာ လူနာစောင့်ကို တဦးပဲ လက်ခံတော့တာကြောင့် နယ်ဝေးကလာတဲ့ လူနာရှင်တွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေပြီး ဆေးရုံဝင်းအတွင်းမှာ ဖြစ်သလို နေထိုင်စားသောက်နေရတယ်လို့ လူနာရှင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်မှာတော့ ရန်ကုန်မှာရှိတဲ့ ဆေးရုံတွေမှာ အရင်လို လူနာစောင့်တွေကို တဦးထက် ပိုလက်မခံတော့ပဲ ဧည့်တွေ့ချိန်ဆိုရင်လည်း လူနာရဲ့ မိသားစုဝင်  နှစ်ယောက်လောက်ပဲ တွေ့ခွင့်ရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေကာ နေထိုင်ရေးတွေလည်း ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

ဒါ့အပြင် လူနာရှင်တွေဟာ ဆေးရုံမှာရှိတဲ့ အပေါက်စောင့်၊ သန့်ရှင်းရေး၊ ဆေးရုံအကူဝန်ထမ်းတွေရဲ့ အော်ဟစ်ကြိမ်းမောင်းတာတွေနဲ့ ရင်ဆိုင်နေရပြီး လူနာအသည်းအသန်ဖြစ်နေချိန်မှာ လူနာအနားကိုသွားဖို့ဆိုရင် တံခါးမှာစောင့်ကြပ်နေတဲ့ ဆေးရုံအကူဝန်ထမ်းတွေကို လာဘ်ထိုးပြီးမှ ခေတ္တဝင်လို့ရတဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ လူနာရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကဆိုရင် လူနာဘေးမှာ မိသားစု ဒါမှမဟုတ် မိသားစုဝင်တွေထဲက နှစ်ဦးလောက် နေလို့ရတယ်။ ညဘက်ဆိုရင်တော့ ည ၉ နာရီလောက်အထိ လူနာဘေးမှာ နေလို့ရတယ်။ အခုက ဆေးရုံတက်ပြီဆိုတာနဲ့ လူနာနဲ့ တဦးပဲနေရတယ်။ ဆေးတို့ ထမင်းတို့ဝယ်ချင်ရင် လူနာဆောင် တံခါးဝမှာ တဦးကနေရတယ်။ လိုအပ်တာဝယ်ခိုင်းရတာ။ ညဘက်ဆိုရင် လူနာဆောင်ပေါ်မှာ ဘယ်သူမှမနေရဘူး။ ဆေးရုံအနောက်မှာသွားနေရတယ်”လို့ လှော်ကား ကနေလာတဲ့ လူနာရှင်တဦးကပြောပါတယ်။

ဆေးရုံတက်လူနာအတွက် စိုးရိမ်မှုလွန်ကဲသူ လူနာရှင်တချို့နဲ့ ဆေးရုံတွေရဲ့ အနောက်ဘက်မှာ အိပ်ဖို့နေရာမရှိသူတွေကတော့ လူနာဆောင်အပေါ်ထပ်ရဲ့ အပေါက်မှာ အိပ်ခွင့်ရဖို့ ဆေးရုံအကူဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေကို ကျပ် ၁၀၀၀ စီပေးပြီး အိပ်နေရပါတယ်။

ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဆေးရုံမှာရက်ရှည်နေရမယ့်သူတွေကတော့ ဆေးရုံအနောက်ဘက်မှာ ဖြစ်သလို နေထိုင်စားသောက်နေရပြီး လုံခြုံရေးတွေရဲ့ ကန့်သတ်မှုကြောင့် နေထိုင်စားသောက်ရေးတွေက အခက်အခဲများစွာရှိနေတယ်လို့သိရပါတယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013