Home
မြန်မာသတင်း
မအူပင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ရိုဟင်ဂျာ ၅၈ ဦး ဖမ်းဆီးခံရ
DVB
·
October 25, 2022

မအူပင်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးအပါဝင် ရိုဟင်ဂျာ ၅၈ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ရိုဟင်ဂျာ ၅၈ ဦးကို ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး မြစ်ထဲ စက်လှေတွေပေါ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ ကလေး ၄ ဦးဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“မအူပင်ကို မြစ်ကြောင်းက ဝင်လာတာတော့ ရှားတယ် သူတို့လမ်းလွဲရောက်လာတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အထောက်အထားမဲ့ဆိုတော့ ဖမ်းရတာပဲ။ ကိုယ်ဝန်ဆောင်သည်တဦးလည်းပါတယ်၊ စက်လှေမောင်းလေးဦးက လိုက်ပို့တာ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရိုဟင်ဂျာ ၅၈ ဦး လိုက်ပါလာတဲ့ စက်လှေကို တာပေါ်လင် မိုးကာစတွေနဲ့အုပ်ပြီး ခေါ်လာတာကြောင့် မသင်္ကာလို့ စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ရိုဟင်ဂျာ  ၅၄ ဦးနဲ့ စက်လှေမောင်း ၄ ဦးကို ရွှေတောင်မှော်နယ်မြေရဲစခန်းမှာ လ၀က ဥပဒေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

အရပ်သားအစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကို ခုလိုမျိုး ရိုဟင်ဂျာတွေ ဝင်ရောက်မှုတွေရှိပေမယ့် နေရပ်သာပြန်ပို့ပေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖမ်းဆီးထောင်ချလာတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024