DVB Logo
Home
မြန်မာသတင်း
ခိုလှုံခွင့်တောင်းခံသူ မြန်မာများကို မလေးရှားက အတင်းအကျပ်နေရပ်ပြန်ပို့နေမှု ရပ်တန့်ရန် HRW တိုက်တွန်း
DVB
·
October 25, 2022
ခိုလှုံခွင့်တောင်းခံသူ မြန်မာများကို မလေးရှားက အတင်းအကျပ်နေရပ်ပြန်ပို့နေမှု ရပ်တန့်ရန်  HRW တိုက်တွန်း
Donate to DVB

ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအစိုးရအနေနဲ့ အတင်းအကျပ်ဖိအားပေးပြန်ပို့နေတာ အရေးပေါ်ရပ်တန့်ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ UNHCRနဲ့ ချက်ချင်းတွေ့ခွင့်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့   HRW ကတိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစတင်ကာ မြန်မာစစ်တပ်ကနေထွက်ပြေးခဲ့ကြသူတွေ အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံဆီကို ဖိအားပေး ပြန်ပို့ခဲ့သူ အယောက်  ၂၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ထက်ဝက်ကျော်ကတော့ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ပြန်ပို့ခံခဲ့ရတာလို့ ဆိုပါတယ်။

ဩဂုတ်လလယ်က စတင်ကာ မလေးရှားအစိုးရက ခိုလှုံခွင့်တောင်းခံထားတဲ့မြန်မာနိုင်ငံသားတွေကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲသူတို့ရဲ့ ဘဝရဲ့ လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိတဲ့ မြန်မာနိုင်ငံကို ဖိအားပေးပြန်လည်ပို့ဆောင်တာတွေ အလုံးအရင်းနဲ့ ဆောင်ရွက်နေတယ်လို့ HRW က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ အာဏာဖီဆန်သူတွေနဲ့ အဖိနှိပ်ခံလူနည်းစုတွေကို ရက်စက်တဲ့ စစ်အာဏာရှင်ရဲ့ ပစ်ကွင်းထဲပြန်လည်ပို့ဆောင်လိုက်တာပဲဖြစ်တယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာသုတေသီက ပြောပါတယ်။

ပြန်ပို့ခံခဲ့ရသူတွေရဲ့ ခိုလှုံခွင့်တောင်းခံထားမှုအခြေအနေနဲ့ တခြားအကာအကွယ် လိုအပ်ချက် အခြေအနေတွေကို စစ်ဆေးခြင်းမရှိဘဲ ဖိအားပေးပြန်ပို့ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

နောက်ထပ်ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်တွေလည်းရှိနေသေးပြီး မလေးရှား လဝကက ဖမ်းဆီးထိန်းသိမ်းထားသူတွေကို သွားရောက်တွေ့ဆုံ အကူအညီပေးနိုင်ဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ထိန်းသိမ်းရေးစခန်းတွေကို ဝင်ရောက်ခွင့်တောင်းခံထားတာကိုလည်း မလေးရှားမစိုးရက ငြင်းပယ်ထားပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လကနေ စတင်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့  ခိုလှုံခွင့်နဲ့ အကူအညီလျှောက်ထားမှုအခြေအနေတွေကို UNHCR အနေနဲ့  သိခွင့်မရတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

အခု အောက်တိုဘာလအတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပြီး မလေးရှားနိုင်ငံမှာ  နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလာသူ ရေတပ်အရာရှိ ၆ ယောက် အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့တယ်လို့ မလေးရှားခြေစိုက်  The Sun Daily သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013