DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို PDF တပ်စိတ်မှူး ဆေးကုသမှုခံရင်း သေဆုံး
DVB
·
October 24, 2022
ဒီးမော့ဆို PDF တပ်စိတ်မှူး ဆေးကုသမှုခံရင်း သေဆုံး
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတိုက်ပွဲမှာ စိတ်ဝေဒနာရသွားတဲ့ အသက် ၄၄ နှစ်အရွယ် DMO Local PDF တပ်ရင်း G မှ တပ်စိတ်မှူး ဦးတင်မြင့်ဟာ ဆေးကုမှုခံယူရင်း အောက်တိုဘာ ၂၁ ရက်က သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်ပါတယ်။  

ဦးတင်မြင့်ဟာ ဧပြီလက ပူဖားတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဆရာဖြစ်သူ တပ်ခွဲမှူးရဲ့ အလောင်းကို သယ်ထုတ်နေရင်း လက်နက်ကြီးထပ်မံ ကျရောက်ပေါက်ကွဲခဲ့တဲ့ချိန်ကစပြီး စိတ်ဝေဒနာ စတင်ခံစားနေရတာလို့ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆိုအဖွဲ့ဝင် ကိုကယန်းက ပြောပါတယ်။ 

"သူ ဆေးကုသမှုခံယူနေရတာကြာပြီ။ ၄ လပိုင်းတုန်းက သူ့ဆရာအလောင်းကို ထမ်းထုတ်ရင်း လက်နက်ကြီးက သူတို့နားထပ်ကျတာ။ အဲဒီမှာ သူအရမ်းကြောက်သွားတာ ထင်တယ်။ စကားလုံး ဝမပြောနိုင်တော့ဘူး။ သူ့မိသားစုဝင်တွေကို အတွေ့မခံဘဲ ကြောက်နေတာ။ သူ့ကို စခန်းမှာပဲ ဆေးနားပေးထားပြီး ဆေးကုထားတာ။ အခြေအနေက တဖြေးဖြေး ပိုဆိုးလာပြီး ၂၁ ရက်က ဆုံးသွားတာ။” 

ဦးတင်မြင့်ဟာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို  DMO Local PDF အဖွဲ့စတင်ဖွဲ့စည်းခဲ့ချိန် ကတည်းက တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ 

ဦးတင်မြင့်မှာ မိသားစုဝင်  ၅ ဦး ရှိပြီး ဇနီးနဲ့ သားသမီးတွေဟာ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်း တခုမှာ စစ်ဘေးရှောင်နေတယ်လို့ သိရပြီး ဦးတင်မြင့်ရဲ ရုပ်အလောင်းကို အောက်တိုဘာ ၂၃ ရက်က ကက်သလစ် ထုံးတမ်းစဉ်လာနဲ့အညီ မြေမြှပ်သင်္ဂြိုလ်ခဲ့ပါတယ်။ 

အောက်တိုဘာ ၂၀ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်က စစ်မြေပြင်တနေရာမှာ နယ်မြေရှင်းလင်းရေး လုပ်ရင်း မိုင်းနင်းမိလို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမှ အသက် ၄၁ နှစ်အရွယ် တပ်စုမှူး ဦးဂျိုးဇက် ခြေနှစ်ဖက်ပြတ်ကာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013