DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်က လက်နက်ကျည်ကျလာသဖြင့် ဘင်္ဂလားဒေ့ရှ် မိသားစု ၁၅၀ ကျော် စစ်ဘေးရှောင်
DVB
·
October 24, 2022
မြန်မာဘက်က လက်နက်ကျည်ကျလာသဖြင့် ဘင်္ဂလားဒေ့ရှ် မိသားစု ၁၅၀ ကျော် စစ်ဘေးရှောင်
Donate to DVB

မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲပြင်းထန်ပြီး လက်နက်တွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်နေတာကြောင့် အောက်တိုဘာ ၂၂ ရက်နေ့က နယ်မြေချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်ထဲက ရာနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကိုရှောင်ပြေးနေခဲ့ကြရတယ်လို့ TRT World သတင်းမှာ ဖော်ပြပါတယ် ။

ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာက မြန်မာနယ်နိမိတ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်အခြမ်းမှာ ပြင်းပြင်းထန်ထန် ပစ်ခတ်နေကြတာကြောင့် စနေနေ့ညမှာပဲ နယ်စပ်အနီးမှာ နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းက မိသားစု ၁၅၀ ကျော်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ နိုင်ခွန်းချဟာရီစာဒါ နယ်မြေ ဥက္ကဋ္ဌ က ပြောပါတယ်။

စနေနေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားပြီးနောက် နယ်စပ်တစ်လျှောက်မှာနေထိုင်ကြတဲ့ မိသားစုတွေကို ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းခဲ့ကြောင်း ဒေသခံ အရာရှိတစ်ယောက်က ပြောပါတယ်။

စနေနေ့ မွန်းလွဲပိုင်းကနေ ညနေအထိ ပစ်ခတ်မှုတွေရှိနေပြီး တနင်္ဂနွေ မနက်ပိုင်းမှာတော့ အခြေအနေတွေက တည်ငြိမ်နေခဲ့တယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မြန်မာစစ်တပ်က ပစ်ခတ်တဲ့ မော်တာကျည်ထိမှန်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းမှာ အနည်းဆုံးရိုဟင်ဂျာ နှစ်ဦးသေဆုံးခဲ့ရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အပါအဝင် အခြား တစ်ဒါဇင်နီးပါး ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က အကြိမ်ကြိမ်သတိပေးတောင်းဆိုနေတဲ့ကြားက နယ်စပ်ဒေသမှာ ပိုမိုဆိုးရွားလာနေတဲ့ စစ်ရေးတင်းမာမှုတွေအပေါ်  မြန်မာစစ်ကောင်စီဘက်က လက်လျော့မယ့် လက္ခဏာတော့မပြသေးပါဘူး။

အဲဒီဒေသရဲ့ မြန်မာဘက်အခြမ်းက နယ်စပ်ဂိတ်တွေကို ရက္ခိုင့်တပ်တော်(အေအေ)က ဝင်ရောက်စီးနင်း သိမ်းယူထားခဲ့တာ ရက်အတော်ကြာပြီဖြစ်ပါတယ်။

Ref-TrtWorld

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013