DVB Logo
Home
မြန်မာသတင်း
သေနတ်ပျောက်မှုဖြင့် အမရပူရ ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေ
DVB
·
October 24, 2022
သေနတ်ပျောက်မှုဖြင့် အမရပူရ ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေ
Donate to DVB

မန္တလေး-စစ်ကိုင်းမြစ်ကူးတံတားရဲကင်းမှာ အောက်တိုဘာ ၁၈ ရက်က သေနတ် နှစ်လက် ပျောက်ဆုံးသွားပြီး အောက်တိုဘာ ၂၃ ရက်အထိ တရားခံ ဖမ်းမမိလို့ စခန်းမှူး အပါအဝင် အမရပူရ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကို စစ်တပ်က စစ်ကြောရေးမှာ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက "ရဲတွေ ထွက်ပြေးတာ မရှိဘဲ လက်နက်တွေပဲ ပျောက်နေတာဆိုတော့ ထွက်ပြေးဖို့ ဝှက်ထားတာပဲလား၊ ရောင်းစားလိုက်တာလားဆိုတာ မသိရဘူး။ အခုတော့ အမရပူရမြို့နယ်က ရဲတွေကို စစ်တပ်က ဖမ်းခေါ်စစ်နေတယ်” လို့ ပြောပါတယ်။ 

အမရပူရရဲစခန်းအပိုင် စစ်ကိုင်းတံတား နှာပေါက်ထိပ် ရဲကင်းမှာ သေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းဆည်းထားတဲ့ သေနတ်၂ လက် ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း အမရပူရရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတယောက်ကို  PDF တွေနဲ့ပေါင်းပြီး ရဲစခန်းမှာရှိတဲ့ လက်နက်အင်အားနဲ့ စခန်းမှူး သွားလာတဲ့ လမ်းကြောင်းတွေကို PDF တွေဆီသတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးသွားပြီး သတင်းအစအန ပျောက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013