Home
မြန်မာသတင်း
ထားဝယ်တွင် ကိုဗစ်-၁၉ ကြောင့် လူ ၇ ဦး သေဆုံး
DVB
·
October 24, 2022
312576859_1142913213267874_3025585674613821130_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာ ၇ ယောက် ရက်ပိုင်းအတွင်း ဆက်တိုက် သေဆုံးသွားတယ်လို့ နာရေးကူညီမှုအသင်း ထားဝယ်က သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ရေဖြူမြို့နယ်က အသက် ၈၀ ကျော် အဘွားအိုတယောက်၊ အသက် ၇၀ ကျော် အဘိုးအိုတယောက်နဲ့ ထားဝယ်မြို့နယ်က အသက် ၆၀ ကျော် အမျိုးသမီးကြီးတယောက်တို့  ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၂ ရက်မှာလည်း ထားဝယ်မြို့နယ်က အသက် ၉၀ ကျော်  အဘိုးအိုတယောက်နဲ့ ရေဖြူမြို့နယ်က ၆ လသားအရွယ် ကလေးငယ်တယောက် ကိုဗစ်နဲ့ ကွယ်လွန်ခဲ့ ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာလည်း ထားဝယ်ဆေးရုံကြီးမှာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူ နှစ် ယောက် ရှိနေတယ်လို့ နာရေးကူညီမှု-ထားဝယ်ထံက သိရပါတယ်။

ထားဝယ်မှာ အောက်တိုဘာ ၄ ရက်ကလည်း ၄ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့တာကြောင့် အခုသေဆုံးတဲ့ ၇ ယောက်နဲ့ဆိုပါက  တလအတွင်း စုစုပေါင်း သေဆုံးသူ ၈ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။

အခုလိုသေဆုံးမှုနှုန်းနဲ့ ကူးစက်နှုန်းတွေ မြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နှာခေါင်းစည်း MASK ပြန်တပ်ကြဖို့ နာရေးကူညီမှု - ထားဝယ် အသင်းက တိုက်တွန်းထားပါတယ်။ 

ဒီလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းမြင့်တက်နေတဲ့ ထားဝယ်ခရိုင်မှာ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသလို ပွင့်လင်းရာသီ ဖြစ်တာကြောင့် အလှူပွဲ ၊ မင်္ဂလာပွဲတွေနဲ့ လူစုလူဝေးတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီကိုယ်တိုင်ကလည်း ထားဝယ်မြို့အပါအဝင် ကျန်မြို့နယ်တွေမှာ ကိုဗစ်ကြောင့် ရပ်နားထားတဲ့ ဌာနာဆိုင်ရာဝန်ထမ်းပေါင်းစုံဘုံကထိန်ကို အခုနှစ်မှာ စည်စည်ကားကား ပြန်လည် ကျင်းပဖို့ အစည်းအဝေးတွေ ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024