
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အောက်တိုဘာ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ နေအိမ်နဲ့ စျေးဆိုင်ခန်းတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်တော်သာရပ်ကွက် စျေးလေးနားမှာ ဒီနေ့မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်လောက်မှာ မီးလောင်ခဲ့တာလို့ ကျောက်တော်မြို့ဒေသခံ တဦးက ပြောပါတယ်။
စျေးလေးနားမှာရှိတဲ့ လျှပ်စစ်ဓာတ်မီးတိုင်က ဝါယာလျှော့ဖြစ်လို့ လောင်းကျွမ်းရတာဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်ခန်း ၁၀ လုံးလောက်မီးလောက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အနီးနားမှာရှိတဲ့ဒေသခံပြည်သူတွေနဲ့ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ကားတွေက ဝိုင်းဝန်းငြှိမ်းသတ်ကြလို့သာ မီးငြိမ်းသွားခဲ့တာဖြစ်ပြီး အချိန်မီ မငြှိမ်းနိုင်ရင်တော့ အိမ်ခြေ အများအပြား မီးလောင်ကျွမ်းနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းကလည်း မင်းပြားမြို့နယ် ပန်းမြောင်းစျေးမှာ မီးလောင်ခဲ့တာ ကြောင့် စျေးဆိုင်ခန်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲပါတယ်။