DVB Logo
Home
မြန်မာသတင်း
ဟင်္သာတစစ်ရေးဂိတ်ဗုံးခွဲတိုက်ခိုက်ခံရမှု ဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
October 23, 2022
ဟင်္သာတစစ်ရေးဂိတ်ဗုံးခွဲတိုက်ခိုက်ခံရမှု ဒေသခံ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း ဟင်္သာတမြို့  ယာဉ်ထိန်းရုံးနား စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၂ ယောက်ထက်မနည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်က ဟင်္သာအဝိုင်းနဲ့ ယာဉ်ထိန်းရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၀ ရက်အတွင်းမှာ စစ်ကောင်စီက ဒေသခံ ၁၂ ယောက်ထက် မနည်း ဖမ်းဆီးခဲ့တာပါ။

ရဲစခန်းနဲ့ နီးစပ်သူတဦးက "ဖမ်းတာကတော့ နေ့တိုင်းဖမ်းနေတာ။ ခုဆို ဒီ ၁၀ရက်အတွင်း သိရသလောက် ၁၂ ဦး လောက်ရှိပြီ။  ဆန္ဒပြပွဲမှာ ဖမ်းခံရပြီး ပြန်လွတ်တဲ့သူတွေကိုလည်း ပြန်ဖမ်း တယ်။ နောက်ပြီး မသင်္ကာလို့ ဖမ်းတာတွေလည်းရှိတယ်" လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဆန္ဒပြပွဲတွေမှာ ပါဝင်လို့ အဖမ်းခံရပြီး ပြန်လည်လွတ်လာသူတွေအပါအဝင် ၁၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့တာပါ။

ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ယာဉ်ထိန်းရဲ နှစ်ယောက် သေဆုံးပြီး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှု ခံယူနေတဲ့ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး တဦးဟာ  အောက်တိုဘာ ၂၁ ရက်မှာ သေဆုံးသွားပါတယ်။

ဟင်္သာတမြို့နယ်အတွင်း စက်တင်ဘာလကလည်း PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အဖမ်းခံရသူတွေအပါအဝင် နိုင်ငံရေးအကြောင်းပြချက်နဲ့ အဖမ်းခံရသူ  ၃၀ ထက် မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013