Home
မြန်မာသတင်း
အင်္ဂပူ အထက်တန်းကျောင်းမီးလောင်မှုနှင့်ပတ်သက်၍ ဆရာ ဆရာမများ အစစ်ဆေးခံနေရ
DVB
·
October 23, 2022
312559653_1451009732050032_2712585557145011296_n

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ကျောင်းမှာစာသင်တဲ့ ဆရာ ဆရာမတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။

စာသင်ကျောင်းမီးလောင်မှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်အပါဝင် ဆရာ ဆရာမ ၄၀ ကျော်ကို အလှည့်ကျစနစ်နဲ့ ခေါ်ယူစစ်ဆေးနေတာလို့  ဒေသခံကျောင်းသားမိဘတွေက ပြောပါတယ်။

“ဆရာ ဆရာမအားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ် အဲ့တာအကုန်အစစ်ခံရမယ်ပြောတယ်။ ခုလည်း သူတို့အလှည့်ကျအစစ်ခံနေရတာ အဖမ်းခံရတာမျိုးတော့ မရှိသေးဘူး”လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

စာသင်ကျောင်းမီးလောင်မှုကိစ္စ စစ်ကောင်စီလက်အောက်ခံတပ်သားတွေနဲ့ ရဲတွေက စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့ကိုတင်ပြခဲ့လို့ ခုလိုမျိုး ဆရာ ဆရာမတွေကို ကြိမ်းမောင်း စစ်ဆေးနေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းမီးလောင်မှုဟာ လျှစ်မီးဝါယာရှော့ဖြစ်ပြီးလောင်ကျွမ်းတာမျိုးဖြစ်နိုင်တယ်လို့ အင်္ဂပူမြို့မှာ မီးသတ်တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးသတ်တပ်ဖွဲ့အရာရှိတဦးက ခန့်မှန်းပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024