DVB Logo
Home
မြန်မာသတင်း
မုံရွာ အမှတ် ၂ ရဲစခန်း ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး
DVB
·
October 22, 2022
မုံရွာ အမှတ် ၂ ရဲစခန်း ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့၊ အမှတ် ၂ ရဲစခန်း အောက်တိုဘာ ၂၁ ရက် ည ၉ နာရီက ပစ်ခတ်ခံရတာကြောင့် ရဲတယောက် သေဆုံးသွားတယ်လို့ ရဲစခန်းနားနေ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းအနီးက ဒေသခံတဦးက “ပစ်ခတ်သံကြားလို့ နာရီကြည့်လိုက်တော့ ည ၉ နာရီရှိနေပြီ။ ရဲစခန်းထဲကို ပစ်တာ။ လာပစ်တာက ကားနဲ့လား၊ ဆိုင်ကယ်နဲ့လားဆိုတာတော့ သေချာ မမြင်လိုက်တော့ မသိလိုက်ရဘူး။ ပစ်ခတ်ခံရလို့ ရဲတွေ ပြာယ်ခတ်သွားတယ်။ ဒီနေ့မနက်လည်း စခန်းအနီးတဝိုက် အရပ်ဝတ်တွေနဲ့ စုံစမ်းနေတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲစခန်းဟာ မုံရွာစက်မှုဇုန်ရပ်ကွက်အတွင်းမှာ ရှိတယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ် PDF ခေါင်းဆောင် တဦးက “စကစ စခန်းတွေကိုတော့ အဖွဲ့တိုင်းက သွားပစ် နေကြတာတော့ နေတိုင်းပဲ။ မနေ့ညကလည်း အမှတ် ၂ ရဲစခန်းက ကင်းစောင့်နေတဲ့ရဲတွေကို သွားပစ်တယ်။ ရဲ တယောက် သေတယ်လို့တော့ ကနဦးသိထားရတယ်။ မဟာမိတ်အဖွဲ့ဘက်က တော့ အကျဆုံး၊ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခု အမှတ် ၂ ရဲစခန်းကို သွားရောက် ပစ်ခတ်ခဲ့တဲ့အဖွဲ့ကတော့ Golden Eagle Force- Monywa အဖွဲ့လို့ မုံရွာတော်လှန်ရေးခေါင်းဆောင် PDF ခေါင်းဆောင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013