DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် CDM ဝန်ထမ်း အပါအဝင် အန်အယ်လ်ဒီ ထောက်ခံသူ ၇ ဦး ဖမ်းဆီးခံရ
DVB
·
October 22, 2022
လောင်းလုံးတွင် CDM ဝန်ထမ်း အပါအဝင် အန်အယ်လ်ဒီ ထောက်ခံသူ ၇ ဦး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီလောက်က နေအိမ် ၁၀ ကျော်လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတဦး အပါအဝင် မြို့ခံ ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၀ နဲ့ ၆၀ အကြား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးကို နေအိမ်အသီးသီးမှာပဲ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လောင်းလုံးမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

အဖမ်းခံရတဲ့သူတွေထဲ အန်အယ်လ်ဒီပါတီ အမာခံထောက်ခံသူအများစု ပါဝင်ပြီး ဘာလို့အခုလို ဖမ်းဆီးခံရတာလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက "စစ်ဆေးစရာရှိလို့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားကြတယ်။ မြို့ပတ်ပြီး လိုက်ဖမ်းနေတာ ၁၀ နာရီလောက်မှ နားတာ။ နာမည်စာရင်း အတိအကျနဲ့လာကြတာ၊ အိမ်မှာမရှိတဲ့သူတွေတော့ လွတ်သွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဖမ်းဆီးမှုတွေကို အောက်တိုဘာ ၂၁ ရက် မနက်ကမှ လောင်းလုံးမြို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်နဲ့ လောင်းလုံးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်တာလို့  လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနဲ့ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောက်ထပ်ဖမ်းဆီးမှုတွေလုပ်ဖို့ ကြိုးပမ်းနေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းထားပြီး အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းမှာလည်း အဖမ်းခံရသူတချို့ရှိနေပေမယ့် အတည်တော့မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်ကလည်း လောင်းလုံးမြို့ခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ သူတို့ကတော့ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်အသီးသီး ကျခံနေရပါတယ်။

လောင်းလုံးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဒေသတွေထဲကတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးဖမ်းဆီးမှုတွေလည်း မကြာခဏ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013