DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦးအား အဓမ္မပြုကျင့်သတ်ခဲ့သည့် အေအေတပ်ဖွဲ့ဝင် ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်
DVB
·
October 21, 2022
အမျိုးသမီးတဦးအား အဓမ္မပြုကျင့်သတ်ခဲ့သည့် အေအေတပ်ဖွဲ့ဝင် ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာမှာ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀၊ ကြိမ်ဒဏ် အချက် ၃၀ ချမှတ်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ကျောင်းတောင်ကျေးရွာနေ အသက် ၃၀ အရွယ် အိမ်ထောင်သည်အမျိုးသမီးတဦးကို အေအေတပ်ဖွဲ့ဝင် ၂ ဦးက လက်နက်အားကိုးနဲ့  အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

ကျူးလွန်ခံရသူကိုယ်တိုင်က တိုင်တန်းခဲ့တာကြောင့် ရက္ခိုင့်တပ်တော်က စစ်ခုံရုံးဖွဲ့ကာ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးမှာ ပြစ်မှုမြောက်ကြောင်းနဲ့ တပ်ဘက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူ အေအေတပ်ဖွဲ့ဝင် ၂ ဦးဟာလည်း အခင်းဖြစ်တဲ့နေ့က ခွင့်ပြုချက်မယူဘဲ အရက်သေစာ သောက်စားမူးယစ်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် နစ်နာသူ မိသားစုဝင်တွေ၊ ကျေးရွာခေါင်းဆောင်တချို့နဲ့ ဘာသာရေးခေါင်းဆောင်တွေရှေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကြိမ်ဒဏ်ကြီး အချက် ၃၀ ကို စီရင်ချက်ချ အပြစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည်း ဘောလုံးကွင်းရပ်ကွက်မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦး မုဒိမ်းကျင့် အသတ်ခံခဲ့ရပါတယ်။

မုဒိမ်းကျင့် အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းမိထားကြောင်း အေအေက ထုတ်ပြန်ထားပေမဲ့ အခုချိန်ထိ အရေးယူမှု မရှိသေးတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

ဒေသခံတဦးက “ကျနော်တို့လိုလားတာက အခု ရိုဟင်ဂျာအမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တဲ့ အေအေ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်အရေးယူတယ်လို့ သိရတယ်။ လေးစားတယ်၊ ဂုဏ်ယူတယ်။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် (--) က ဩဂုတ် ၁၅ ရက်နေ့က အသတ်ခံခဲ့ရတယ်။ တရားခံအစစ်အမှန်ကို ဖမ်းမိထားတယ်လို့ အေအေက ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ ဒီနေ့အထိ ပြစ်ဒဏ်ပေးမှုကို မဖော်ပြသေးဘူး” လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးကို ဆိုင်မန်နေဂျာ မျိုးမြင့်ဇော်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာဖြစ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အေအေ​ပြောခွင့်ရ ခိုင်သုခက သြဂုတ်နောက်ဆုံးပတ်မှာ ထုတ်ဖော်ပြောဆိုထားတာပါ။

စစ်တွေဒေသခံတဦးက “ပြောရမယ်ဆိုရင် မကောင်းဘူးဗျ။ သူတို့က ဒီကလေးမလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံအစစ်အမှန်ကို ဖမ်းမိထားတယ်လို့သာ သတင်းထုတ်ပြန်တာ၊ ဘယ်လိုအရေးယူထားလဲဆိုတာ ဒီနေ့အထိ မထုတ်ပြန်သေးဘူး” လို့ ပြောပါတယ်။

ရက္ခိုင်တပ်တော် (အေအေ) ကတော့ ရခိုင်ပြည်သူ့အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ‘တရားမျှတ၊ ပြည်အာရက္ခ’ ဆောင်ပုဒ်နဲ့အညီ ရခိုင်ပြည်သူလူထုတွေရဲ့ တရားမျှတမှု ရရှိရေးအတွက် ကြိုးပမ်းနေပြီး ပြစ်မှုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေနဲ့အညီ စီရင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013