DVB Logo
Home
မြန်မာသတင်း
စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ပို့ကုန် မြင့်တက်
DVB
·
October 21, 2022
စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ပို့ကုန် မြင့်တက်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောဒေသ ကုန်သွယ်မှုပိတ်ထားတာကြောင့် စစ်တွေ (ရွှေမင်းဂံ) နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှု ပိုမိုမြင့်တက်လာခဲ့ကြောင်း စစ်တွေကုန်သွယ်မှုအသင်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

စစ်တွေကုန်သွယ်မှုအသင်း တာဝန်ရှိသူတယောက်က “မောင်တောဘက်က ကုန်သွယ်မှုတွေအားလုံး ရပ်ထားလိုက်တော့ စစ်တွေဘက်က ကုန်သွယ်မှုပိုလာတာ။ အရင်လထက် ဒေါ်လာ ၈ သိန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်။ မောင်တောနယ်စပ် ကုန်သွယ်မှုကတော့ ကျဆင်းသွားရတာပေါ့လေ” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လက စစ်တွေ(ရွှေမင်းဂံ)စခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး အခု စက်တင်ဘာလမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ သန်းဖိုး တင်ပို့ခဲ့တာကြောင့် ဒေါ်လာ ၈ သိန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ စစ်တွေကုန်သည်များအသင်းရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လမှာ မောင်တော(ကညင်ချောင်း)စီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၈ သန်းအထိ ကုန်တင်ပို့နိုင်ခဲ့ပြီး စက်တာဘာလမှာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၃ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

လက်ရှိ မောင်တောဒေသကို စစ်ကောင်စီက ကုန်းလမ်း ရေလမ်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် အောက်တိုဘာလမှာ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အခုထက် ပိုကျဆင်းလာနိုင်ပြီး စစ်တွေဘက်မှ ပို့ကုန်တန်ဖိုး မြင့်တက်လာနိုင်ကြောင်း ကုန်သည်တွေက ခန့်မှန်းပြောပါတယ်။

“အခု အောက်တိုဘာလမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ဒီထက်မက ကျဆင်းသွားမှာပါ။ ဘာအတွက်လဲဆိုတော့ ကုန်းလမ်းနဲ့ ရေလမ်း ၂ ခုလုံးကို စစ်ကောင်စီက ပိတ်ထားတာ ၂ လကျော်ရှိနေပြီ။”

မောင်တော-အငူမော်လမ်းမှာ တိုက်ပွဲတွေကြောင့် သြဂုတ် ၁၄ ရက်ကစပြီး အဲဒီလမ်းကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေမှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေကို ဘူးသီတောင်-ရသေ့တောင်မြို့တွေဆီ ခရီးစဉ်ပြေးဆွဲတာ အကန့်အသတ်မရှိ ရပ်တန့်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။

မောင်တောခရိုင်ကို ကုန်းလမ်း၊ ရေလမ်း အကန့်အသတ်မရှိ ပိတ်ထားတာ ၂ လကျော်အထိ ရှိလာနေတာကြောင့် ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်မှု များပြားလာနေပြီး ဒေါ်လာတခုတည်းနဲ့သာ ကုန်သွယ်နေတဲ့ မောင်တောနယ်စပ် ကုန်သွယ်မှုပါ ကျဆင်းလာနေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013