DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင် ဗုံးကွဲ ပစ်ခတ်မှုအပေါ် NUG ကန့်ကွက်ရှုတ်ချ၊ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟုပြော
DVB
·
October 20, 2022
အင်းစိန်ထောင် ဗုံးကွဲ ပစ်ခတ်မှုအပေါ် NUG ကန့်ကွက်ရှုတ်ချ၊ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟုပြော
Donate to DVB

အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အရပ်သားပြည်သူတွေ ထိခိုက်စေတဲ့ လုပ်ရပ်မျိုးကို ဘယ်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး  မဖြစ်မနေ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉ ရက် မနေ့က မနက် ၉ နာရီ ၄၀ အချိန်လောက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာပေးပို့တဲ့ နေရာအနီးမှာ ပေါက်ကွဲမှု ၂ ကြိမ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကာ အကျဉ်းဦးစီးဝန်ထမ်း ၃ ယောက်နဲ့ ထောင်ဝင်စာပေးပို့ဖို့ ရောက်ရှိနေကြတဲ့ ပြည်သူ အနည်းဆုံး ၅ ယောက် သေဆုံးခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၁၈ ယောက် ရှိခဲ့တာပါ။

ဗုံးကွဲတဲ့နေ့ဟာ အင်းစိန်ထောင်အတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရုံးထုတ်ရက်နဲ့ ထောင်ဝင်စာပေးပို့နိုင်တဲ့ရက်နဲ့ တိုက်ဆိုင်နေတာကြာင့် ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့ကြရသူတွေအထဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်ခဲ့ပြီး ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်ခဲ့ပါတယ်။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတ‌ယောက်လည်းဖြစ်တဲ့ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅(က) နဲ့ အင်းစိန်ထောင်တွင်းကနေ တရားရင်ဆိုင်နေရတာပါ။

လက်ရှိမှာတော့ ဗုံးကွဲမှုနဲ့ပတ်သက်ပြီး NUG အစိုးရအနေနဲ့ အဆိုပါဖြစ်စဉ် အသေးစိတ်ကို စုံစမ်းနေသလို အဆိုပါဖြစ်ရပ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ အကြောင်းရင်း (Cause of Death) ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013