DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်မည်
DVB
·
October 19, 2022
စစ်ကောင်စီဩဇာခံ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်မည်
Donate to DVB

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်တွေနဲ့ ကွန်ပျူတာတက္ကသိုလ်တွေရဲ့ ပထမနှစ်ကနေ ပါရဂူဘွဲ့တန်းတွေအထိ အတန်းတွေကို လာမယ့် နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီခန့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနလက်အောက်က နည်းပညာတက္ကသိုလ်တွေနဲ့ ကွန်ပျူတာတက္ကသိုလ်တွေ ရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောလိုက်တာပါ။

မြန်မာနိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အခြေခံပညာကဏ္ဍမှာ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦး ကြေညာချက် ထုတ်ပြန်ထားသလို စစ်ကောင်စီ ဖွင့်လှစ်တဲ့ တက္ကသိုလ်အသီးသီးမှာ တက်ရောက်သင်ကြားနေသူတွေကိုလည်း အသိအမှတ်မပြုဘူးလို့ ပြောထားတာပါ။

အကြမ်းဖက် စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ထားပေမဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ ကျောင်းသားသမဂ္ဂတွေ အပါအဝင် အခြေခံပညာရော အဆင့်မြင့်ပညာကဏ္ဍက ဆရာ၊ ဆရာမတွေကပါ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ အခုထိတိုင် တက်တက်ကြွကြွ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနကတော့ အဆင့်မြင့်ပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ဖွင့်လှစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ကြေညာထားခဲ့ပါတယ်။

NUG အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အထောက်အကူဖြစ်စေဖို့၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် စဉ်ဆက်မပြတ် ပညာရေးကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အရည်အသွေးရှိ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြားကာလ ပညာရေးပြင်ဆင်နေမှုတွေ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ မေ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခုလတ်တလော ဖွင့်လှစ်လိုက်တဲ့ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ကတော့ ကြားကာလ ပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီတွေ၊ ဘာသာရပ်အဖွဲ့တွေ စုစည်းပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပြည်သူပိုင်တက္ကသိုလ် (Public University) တခုဖြစ်တဲ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ် အခမဲ့ပညာရေးကို ဖော်ဆောင်မယ့် တက္ကသိုလ်တခု လည်းဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013