DVB Logo
Home
မြန်မာသတင်း
နမ္မတူ ဘော်တွင်းသတ္တုတွင်းနယ်မြေတွင် မူးယစ်းဆေးသုံးစွဲသူများကို လက်နက်ကိုင်လူတစုက ဖမ်းဆီး
DVB
·
October 19, 2022
နမ္မတူ ဘော်တွင်းသတ္တုတွင်းနယ်မြေတွင် မူးယစ်းဆေးသုံးစွဲသူများကို လက်နက်ကိုင်လူတစုက ဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတူးဖော်ရေးနယ်မြေအတွင်းမှာ အခြေချနေထိုင်ပြီး မူးယစ်းဆေးဝါးသုံးစွဲနေကြသူ ခန့်မှန်းခြေ ၁၆ ယောက်ကို လက်နက်ကိုင်လူတစုက အောက်ဘိုဘာ ၁၇ ရက် ညနေပိုင်းက ဝင်ရောက်ဖမ်းဆီးပြီး ကားနဲ့ တင်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကထံကသိရပါတယ်။

“ဘယ်အဖွဲ့ကလည်းတော့ မသိဘူး။ လက်နက်တွေနဲ့ လာဖမ်းပြီး ကားပေါ်တင်သွားတယ်။ ဆေးသမား အားလုံး ၁၆ ယောက်လို့တော့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နမ္မတူမြို့မှာ နေ့စဥ် မူးယစ်းဆေးဝါးသုံးစွဲသူ ၂၀၀ ကျော်ရှိနေပြီး ဘောတွင်းဒေသမှာတော့ ရာဂဏန်းနီးပါး ရှိနေပါတယ်။

နမ္မတူမြို့ဒေသခံတဦးက “မူးယစ်းဆေးဝါးက နမ္မတူကော ဘော်တွင်းမှာပါ အခြေအနေဆိုးနေပြီ။ အခုလို ဝင်ဖမ်းသွားတာကို ကျေးဇူးတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ကမှန်းမသိရဘဲ လက်နက်တွေနဲ့ လာဖမ်းသွားတယ်ဆိုတော့ ကျနော်တို့နေရာကို အချိန်မရွေး ဝင်ထွက်လာနိုင်လို့ ပြည်သူလူထုလုံခြုံရေးအတွက်တော့ စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာလည်း ဘော်တွင်းကျေးရွာအုပ်ချုပ်ရေးတဦးကို နမ္မတူ-ဘော်တွင်း သွားလမ်းမှာ လက်နက်ကိုင်တစုက ဖမ်းဆီးသွားတာ အခုထိ အဆက်အသွယ်မရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်က ဘော်တွင်းအုပ်ကြီး ဘော်တွင်း​ကနေ  နမ္မတူမြို့ကိုသွားတာ လမ်းမှာ လက်နက်ကိုင်တစုက ဖမ်းခေါ်သွားတာ။ အခုထိ အဆက်အသွယ်မရတော့ဘူး၊ သေသလား၊ ရှင်သလား မသိတော့ဘူး”လို့ ဆိုပါတယ်။

ဘော်တွင်းသတ္တုတွင်းနယ်မြေမှာ စစ်ကောင်စီရဲ့ အခြေချစခန်းရှိပြီး လက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတခုလည်း ရှိပါတယ်။ နမ္မတူမြို့နဲ့ ဘော်တွင်းသတ္တုတူးဖော်နယ်မြေကြားမှာရှိတဲ့ ဆင်လီရွာကို စစ်ကောင်စီတပ်က စတင်စစ်ကြောင်းထိုးတဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ရဲစခန်းကို ရုပ်သိမ်းသွားပါတယ်။

“ဘော်တွင်းအဝင်ထိပ် တောင်ကုန်းမှာ စစ်တပ်ထိုင်တာတယ်။ ရဲစခန်းလည်း ဘော်တွင်းမှာရှိတယ်။ ဆင်လီရွာဘက် တိုက်ပွဲဖြစ်တော့ ရဲစခန်းက ရဲတွေအကုန်လုံး နမ္မတူဘက် ပြေးသွားကြတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်လူတစုက ဆေးသုံးတဲ့သူတွေကို ဝင်ဖမ်းသွားတာပဲ။ ရဲနဲ့ စစ်တပ်က မဖမ်းလို့ သူတို့ လာဖမ်းသွားတာဖြစ်တယ်”လို့ ဒေသခံတစ်ဦးက​ ပြောပါတယ်။

ဘော်တွင်းသတ္တုတွင်းနယ်မြေက မူးယစ်ဆေးသုံးစွဲသူတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ဖမ်းဆီးသွားတယ်ဆိုတာကို အတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ အခြေချလှုပ်ရှားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013