DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့် ရုရှားပူးပေါင်းပြီး အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံဆောက်မည့်ကိစ္စ စောင့်ကြည့်ရန် သံအမတ်ကြီးတိုက်တွန်း
DVB
·
October 19, 2022
မြန်မာစစ်တပ်နှင့် ရုရှားပူးပေါင်းပြီး အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံဆောက်မည့်ကိစ္စ စောင့်ကြည့်ရန် သံအမတ်ကြီးတိုက်တွန်း
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ မြန်မာစစ်တပ်က  ရုရှားနိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  တိုက်တွန်း လိုက်ပါတယ်။

အောက်တိုဘာ ၁၈ ရက်က နယူးယောက်ခ်မြို့မှာကျင်းပတဲ့  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ “နျူးကလီးယားလက်နက်များ” ခေါင်းစဉ်နဲ့  မိန့်ခွန်းပြောကြားရာစဉ်  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံပြည်သူ့အစိုးရက နျူးကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အလုံးစုံဖျက်သိမ်းရေးကို အဓိကအရေးပါတဲ့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ ပေမဲ့ ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းမှုဟာ ရွေးကောက်ခံပြည်သူ့ အစိုးရရဲ့ နျူးကလီးယားလက်နက်ဖျက်သိမ်းမှုဆိုင်ရာ ဆောင်ရွက်ချက်တွေအပေါ် များစွာထိခိုက်ခဲ့ ပါကြောင်း၊ သမိုင်းကြောင်းအရ မြန်မာစစ်တပ်ဟာ နျူးကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးကိစ္စတွေမှာ ကောင်းမွန်တဲ့  မိတ်ဖက်မဖြစ်ခဲ့ဖူးလို့ သံအမတ်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့ စီးပွားရေး အခြေအနေတွေနဲ့ အသိပညာ၊ အတတ်ပညာရှင်တွေ နိုင်ငံပြင်ပသို့ အစုအပြုံလိုက်ထွက်ခွာနေတာကို လျစ်လျူရှုပြီး မြန်မာစစ်တပ်ဟာ နောင်နှစ်အနည်းငယ်အတွင်း အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုနဲ့ မကြာသေးမီက စာချုပ်ချုပ်ဆိုထားပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်တပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ သံအမတ်ကြီးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူးကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေး၊ နျူးကလီးယား လက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံက နှစ်စဉ် ဦးဆောင်တင်သွင်းတဲ့ နျူးကလီးယားလက်နက် ဖျက်သိမ်းရေး  “Nuclear Disarmament” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုမူကြမ်းတစ်ရပ်ကို အခုနှစ်မှာ တင်သွင်းထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Permanent Mission Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013