DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်တွင် တပ်ရင်းမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 19, 2022
မူဆယ် ၁၀၅ မိုင်တွင် တပ်ရင်းမှူး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်၊ အထက်တုန်ခန်ရွာနားက ကားဝပ်ရှော့တခုမှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်း ၃ နာရီခွဲကျော်က တပ်ရင်းမှူး ၁ ဦး ပစ်သတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခလရ ခြေလျင် ၄၁၂ တပ်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးပြည့်ဖြိုးအောင် သေနတ်နဲ့ ၇ ချက် ပစ်ခံရတာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

“၃ နာရီခွဲဝန်းကျင်မှာ တုန်ခန်နားမှာ စစ်ဗိုလ်တယောက် ပစ်ခံထားရတယ်။ ၇ ကြိမ် ပစ်ထားတယ်၊ တခါတည်း ပွဲချင်းပြီးတော့ မသေဘူး၊ ဒဏ်ရာပြင်းလို့ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။ 

“ကားပျက်လို့ သွားပြင်တဲ့အချိန် ပစ်ခတ်ခံရပြီး ဆေးကုသနေချိန် သေဆုံးသွားတာ။ ဘယ်သူက ပစ်ခတ်သွားသလဲ ဆိုတာကို မသိရသေးသလို တခြားဘယ်သူတွေ ထိခိုက်ဒဏ်ရာရသလဲ၊ ဘယ်နှယောက်ပါသွားလဲ ဆိုတာကို အတိအကျ မသိရသေးဘူး။ သူက ဘယ်သွားသွား အမြဲတမ်း တယောက်တည်း သွားတာ။ အရပ်ဝတ်နဲ့လျှောက်သွားနေတာ။ .... ၂ ရက်ရှိသေးတယ်။ သူ့ကို တယောက်တည်း မထွက်နဲ့လို့ သတိပေးလိုက်သေးတယ်” လို့ အဲဒီ ဗိုလ်မှူးကြီးနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၀ နာရီကျော်လောက်ကလည်း ၁၀၅ မိုင်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတာကြောင့် ဒေသခံတွေ ကြောက်လန့်‌စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန်စစ်ဆေးရေးစခန်းအနီး ရပ်ကွက်ထဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညနေက အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်သတ်ခံခဲ့ရသလို အောက်တိုဘာ ၆ ရက်နေ့မှာလည်း မူဆယ်မြို့‌ နမ္မတူ မိတ္တူဆိုင်အနီးမှာ မြို့နယ်တရားသူကြီး ဦးမင်းရာဇာစိုးကို အမည်မသိ လက်နက်ကိုင် ၂ ဦးက ပစ်သတ်ခဲ့ပါတယ်။ 

အခု တပ်ရင်းမှူး ပစ်ခတ်ခံခဲ့ရတဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၁ မေ ၁၁ ရက် ညနေ ၅ နာရီလောက်လည်း ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်က ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ ၄ ချက် ပစ်ခတ်ခံခဲ့ပါသေးတယ်။

မူဆယ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ အဖွဲ့ ၂၀ နီးပါးအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ KIA, PDF, TNLA, SSPP/ SSA, MNDAA အဖွဲ့တွေ သွားလာလှုပ်ရှားပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ လောင်းကစားဝိုင်းတွေ ရာချီရှိလာပြီးအုပ်စုဖွဲ့ကာ လက်နက်နဲ့ ဓားပြတိုက်သူတွေလည်း ပေါများလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013